သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ ဟွန်ဒူရပ်စ် သံတမန်ဆက်ဆံရေး စတင်


China - Honduras
China - Honduras

ဟွန်ဒူရပ်စ်နိုင်ငံဟာ ထိုင်ဝမ်နဲ့ ဆက်ဆံရေးကို ဖြတ်တောက်ပြီးနောက်၊ ဒီကနေ့ တနင်္ဂနွေနေ့မှာ တရုတ်နဲ့ သံတမန်ဆက်ဆံရေးသစ်ကို ထူထောင်လိုက်ပါတယ်။

လက်ရှိ ထိုင်ဝမ်ကို အသိအမှတ်ပြုထားတဲ့ နိုင်ငံတွေထဲမှာတော့ ဗာတီကန်အပါအဝင် ၁၃ နိုင်ငံ ရှိနေပါတယ်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်ကို ရောက်ရှိနေတဲ့ ဟွန်ဒူရပ်စ် နိုင်ငံခြားရေးဝန်ကြီးဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပြီး ပူးတွဲကြေညာချက်တရပ်ကို လက်မှတ်ရေးထိုးထုတ်ပြန်ရာမှာ ထိုင်ဝမ်ကိစ္စကို ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ အခုလို ဟွန်ဒူရပ်စ်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့လည်း မှန်ကန်တဲ့ လုပ်ရပ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ချီးကျူးထားပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်အပေါ် တရုတ်ဘက်က သူ့နယ်မြေအဖြစ် အခိုင်အမာပြောဆိုမှုတွေ တိုးမြှင်လာတာ၊ လက်တင်အမေရိကား နိုင်ငံတွေအပေါ် တရုတ်ရဲ့ သြဇာကြီးထွားလာတာတွေ အပါအဝင် တရုတ်နဲ့ အမေရိကန်ကြား တင်းမာမှုတွေ မြင့်မားနေချိန်မှာ အခုလို ဟွန်ဒူရပ်စ်နဲ့ တရုတ်ကြား သံတမန်ဆက်ဆံရေး အသစ်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဟွန်ဒူရပ်စ်နဲ့ ထိုင်ဝမ်အစိုးရတွေက နှစ်နိုင်ငံဆက်ဆံရေး ဖြတ်တောက်ကြောင်း ကြေညာချက် အသီးသီးထုတ်ပြန်ပြီးနောက် အခုလို တရုတ်နဲ့ ဟွန်ဒူရပ်စ် ဆက်ဆံရေး အသစ်ကြေညာတာ ဖြစ်ပါတယ်။

ဟွန်ဒူရပ်စ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တွစ်တာမှာတော့ ဟွန်ဒူရပ်စ် အစိုးရအနေနဲ့ တရုတ်ရဲ့ တပြည်ထောင်တည်းမူဝါဒကို အသိအမှတ်ပြုကြောင်းနဲ့ တရုတ်အစိုးရသာ တခုတည်းသော တရားဝင်အစိုးရဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

=== Unicode ====







XS
SM
MD
LG