သုံးရလွယ်ကူစေသည့် Link များ

ဟောင်ကောင်ရွေးကောက်ပွဲ ကော်မရှင်ဟာ တနင်္ဂနွေနေ့က တွေ့ဆုံခဲ့ကြပြီးတော့ အရင်တုန်းက အိမ်ခြံမြေရောင်းဝယ်ရေး အကြီးအကဲ Leung Chun-ying ကို ဟောင်ကောင်ရဲ့ အုပ်ချုပ်ရေး အကြီးအကဲအဖြစ်နဲ့ ခန့်အပ်လိုက်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင် နဲ့ တခြား ဟောင်ကောင်မြို့ရဲ့ အကြီးအကဲ ၁,၂၀၀ က မစ္စတာ Leung ကို ထောက်ခံမဲ ၆၈၉ မဲပေးခဲ့ကြပါတယ်။ ဒါဟာ သူအနိုင်ရရှိဖို့အတွက် လိုအပ်နေတဲ့ ၆၀၁ မဲထက် အများကြီး ပိုရခဲ့တာပါ။

သူနဲ့ အနီးဆုံးပြိုင်ဘက် မစ္စတာ Henry Tang ကတော့ ၂၈၅ မဲပဲ ရခဲ့ပြီးတော့ ဒီမိုကရက်တစ်ပါတီက Albert Ho ကတော့ ၇၆ မဲရခဲ့ပါတယ်။ ဟောင်ကောင်ရဲ့ အကြီးအကဲကို ရွေးချယ်တဲ့နေရာမှာ သာမန် ဟောင်ကောင် ပြည်သူတွေဟာ မဲပေးပိုင်ခွင့်မရှိကြပါဘူး။

အစောပိုင်းကတော့ မစ္စတာ Tang က ရှေ့ကနေ ပြေးနေခဲ့တာပါ။ ဒါပေမဲ့ အရှုပ်တော်ပုံတွေက သူ့အပေါ် ထောက်ခံမှုတွေကို ကျဆင်းစေခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆွေးနွေးပွဲအပြင်ဘက်မှာတော့ ဟောင်ကောင်ပြည်သူ ထောင်ပေါင်းများစွာက ဒီမိုကရေစီကို အပြည့်အ၀ အသုံးပြုဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။ မစ္စတာ Leung ဟာ လာမယ့် ဇွန်လကျရင် ဟောင်ကောင်ရဲ့ အုပ်ချုပ်ရေးမှူး တာဝန်တွေကို လွှဲပြောင်းယူမှာဖြစ်ပါတယ်။

XS
SM
MD
LG