သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်လက်အောက်ပြန်ရောက်တာ ၂၆ နှစ်ပြည့်တဲ့ ဟောင်ကောင်ကျွန်း


Pedestrians walk near Hong Kong and Chinese flags in Hong Kong on June 29, 2023, ahead of the 26th anniversary of the city’s handover from Britain to China on July 1. (Photo by ISAAC LAWRENCE / AFP)
Pedestrians walk near Hong Kong and Chinese flags in Hong Kong on June 29, 2023, ahead of the 26th anniversary of the city’s handover from Britain to China on July 1. (Photo by ISAAC LAWRENCE / AFP)

ဟောင်ကောင်ကျွန်းကို ဗြိတိသျှအုပ်ချုပ်မှုအောက်ကနေ တရုတ်ပြည်မကြီး အုပ်ချုပ်မှုအောက် လွှဲပြောင်းပေးခဲ့တာ ၂၆ နှစ်ပြည်တဲ့ ဒီနေ့မှာ လွတ်လပ်ခွင့် တော်တော်များများ ဆုံးရှုံးနေတယ်လို့ ဟောင်ကောင်ပြည်သူအများက ပြောနေကြပါတယ်။

၂၆ နှစ်ပြည့် နှစ်ပတ်လည်ပွဲကိုတော့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး ဒီကနေ့ အကျဉ်းရုန်း ကျင်းပခဲ့ပါတယ်။ နှစ်ပေါင်း ၁၅၆ ကျော် ဗြိတိန်အုပ်ချုပ်မှုအောက်မှာ ရှိခဲ့ပြီး၊ တရုတ်ပြည်မကြီးလက်ကို ၁၉၉၇ ခုနှစ်မှာ လွှဲပေးခဲ့စဉ်က ဟောင်ကောင်မှာ ဗြိတိန်အုပ်ချုပ်မှုတုန်းကလို လွတ်လပ်မှုကို ခံစားခွင့်ပေးမယ်ဆိုပြီး ၁ နိုင်ငံ စနစ် ၂ ခုနှစ်အုပ်ချုပ်သွားမယ်လို့ တရုတ်အစိုးရက ကတိပြုခဲ့တာပါ။

ဒါပေမဲ့ တရုတ်ပြည်မကြီး အစိုးရက ဟောင်ကောင်ကျွန်းရဲ့ လွတ်လပ်တဲ့ ဥပဒေတွေကို တဖြည်းဖြည်း တင်းကြပ်ခဲ့တဲ့အပြင် အုပ်ချုပ်ရေးပိုင်းမှာပါ လွှမ်းမိုးလာခဲ့ပါတယ်။ ပြည်မကြီးအစိုးရ စိစစ်ထားသူတွေသာ ဟောင်ကောင်ကျွန်း အုပ်ချုပ်ရေးမှူးအဖြစ် ဝင်အရွေးခံခွင့်ရှိတဲ့ ဥပဒေကို ထုတ်ပြန်ခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်မှာ လူငယ်ကျောင်းသားတွေ ဦးဆောင်တဲ့ Umbrella Movement ဆန့်ကျင်လှုပ်ရှားမှုတွေ စတင်ခဲ့ပါတယ်။ အဲဒီကစလို့ ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့သလို အစိုးရကလည်း ဦးဆောင်သူတွေကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာလည်း ဟောင်ကောင်မှာ ရာဇဝတ်မှုနဲ့ ဖမ်းဆီးခံရသူတွေကို တရုတ်ပြည်မကြီးပို့ပြီး တရားစီးရင်မယ့် ဥပဒေကို ပြဌာန်းခဲ့တဲ့အတွက် ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိမှာ ဟောင်ကောင်မှာ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို တင်းတင်းကြပ်ကြပ် တားမြစ် ဖိနှိပ်ထားပါတယ်။ လွန်ခဲ့တဲ့ ၂၆ နှစ်အတွင်း ဟောင်ကောင်ကျွန်းမှာ နိုင်ငံရေးအပြင် စီးပွားရေး အခက်အခဲတွေလည်း ကြုံခဲ့ပါတယ်။

တရုတ်အစိုးရလက်အောက်ကို ရောက်သွားတဲ့ ၁၉၉၇ ခုနှစ်၊ အောက်တိုလမှာဘဲ အာရှ စီးပွားရေးဂယက်နဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် အာရှတိုက်ရဲ့ ဘဏ်လုပ်ငန်းတွေ ဗဟိုချက်မဖြစ်တဲ့ ဟောင်ကောင်ကျွန်းရဲ့ စီးပွားရေး လုံးဝ ရပ်ဆိုင်းခဲ့ရပါတယ်။ နောက် ၅ နှစ်အကြာမှာ ကြက်တုပ်ကွေး ကူးစက်ရောဂါဖြစ်တာကြောင့် ဟောင်ကောင်မှာတင် လူပေါင်း ၁၉၉ ဦး သေဆုံးပြီ တကမ္ဘာလုံးအတိုင်းအတာနဲ့ လူပေါင်း ၁,၈၀၀ သေဆုံးခဲ့ပါတယ်။

XS
SM
MD
LG