သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင် လူထု ဆန္ဒ္ဒခံယူဖို့ စီစဉ်


ဟောင်ကောင်ဆန္ဒပြပွဲ။
ဟောင်ကောင်ဆန္ဒပြပွဲ။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဟောင်ကောင်မှာ ဒီမိုကရေစီ အပြည့်အဝရစေဖို့ လူထုဆန့်ကျင် လှုပ်ရှားမှုတွေ ဆက်ပြီး လုပ်သင့်မလုပ်သင့် ဒီတနင်္ဂနွေနေ့မှာ လူထုက ဆန္ဒခံယူပွဲ ကျင်းပဖို့ စီစဉ်နေကြပါတယ်။ ဒီဆန္ဒ ခံယူပွဲကို ဟောင်ကောင်ဒေသခံ အများအပြား ပါဝင်လာအောင်လုပ်ဆောင်မယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဆန္ဒပြသူတွေဟာ အစိုးရနဲ့ အင်္ဂါနေ့က ဆွေးနွေးခဲ့ကြပေမယ့် ဖွဲ့စည်း အုပ်ချုပ်ပုံ ပြန်လည်ပြင်ဆင်ရေးနဲ့ ပါတ်သက်ပြီး တိတိကျကျ လိုက်လျောမှု မရခဲ့တဲ့ အတွက် အခုလို ဆန္ဒခံယူဖို့လိုအပ်တာဖြစ်ကြောင်း ဆန္ဒပြခေါင်းဆောင်တွေက ပြောပါတယ်။

ဆန္ဒခံယူပွဲမှာ ဟောင်ကောင်ရဲ့ အချက်အချာကျတဲ့ နေရာတွေကို သိမ်းပိုက် ဆန္ဒပြမှုတွေ ဆက်လုပ်သင့်မလုပ်သင့်နဲ့ နောက်တချက်က အစိုးရက ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲ မတိုင်မှီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည်ပြင်ဆင်ပေးဖို့ ဆွေးနွေးမယ်လို့ အစိုးရရဲ့ ယာယီ ကမ်းလှမ်းချက် ကို လက်ခံသင့်မခံသင့် ကိစ္စတွေ အတွက် မဲပေးကြ တာမျိုး ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။

ရှေ့လာမယ့် ၂၀၁၇ ရွေးကောက်ပွဲတွေမှာ ဒီမိုကရေစီနည်းကျ မဲပေး ရွေးချယ်ခွင့်ရရေး အတွက် လှုပ်ရှားနေကြတဲ့ ဟောင်ကောင်က လှုပ်ရှားမှုကို ဒီသီတင်းပါတ်ထဲမှာပဲ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်မတီကလည်း အားပေးခဲ့ပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ နိုင်ငံသားအခွင့်အရေးနဲ့ နိုင်ငံရေးလွတ်လပ်ခွင့်ဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို တရုတ်နိုင်ငံက အတည်ပြု လက်ခံထာတာမျိုး မရှိသေးတာမို့ ဟောင်ကောင်ရဲ့ နိုင်ငံရေးစံနစ်အတွက် ကုလသမဂ္ဂလူ့အခွင့်ရေးကော်မတီက စွက်ဖက်ပိုင်ခွင့်မရှိဘူးလို့ ပြောပါတယ်။

ဒါပေမယ့်လည်း ဒီသဘောတူညီချက်ကို ဟောင်ကောင်မှာ ၁၉၇၆ ခုနှစ်ကတည်းက စတင်ကျင့်သုံးလာခဲ့တာပါ။ ဟောင်ကောင်ကို ဗြိတိသျှလက်ကနေ ၁၉၉၇ခုနှစ်မှာ လွှဲပြောင်းယူခဲ့ချိန်မှာလည်း ဟောင်ကောင်ရဲ့ ဒေသတွင်း ဥပဒေတွေနဲ့ အညီဆက်ပြီးအုပ်ချုပ်ဖို့ တရုတ်အစိုးရက သဘောတူခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG