သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင် အတိုက်အခံတို့ ရောင်းတဲ့ အိမ်သာသုံးစက္ကူ ဒီဇိုင်းသစ်


ဟောင်ကောင်အတိုက်အခံတွေ ရောင်းတဲ့ အိမ်သာသုံးစက္ကူလိပ်
ဟောင်ကောင်အတိုက်အခံတွေ ရောင်းတဲ့ အိမ်သာသုံးစက္ကူလိပ်
တရုတ်နိုင်ငံမှာ ရိုးရာနှစ်သစ်ကူးကာလအဖြစ် မြင်းနှစ်ကို ကြိုဆိုတဲ့အနေနဲ့ မိသားစုတွေဆုံကြ၊ ဗျောက်အိုးတွေ ဖောက်ကြနဲ့ အခန်းအနားတွေ ကျင်းပနေကြပေမဲ့ ဟောင်ကောင်ကျွန်းမှာတော့ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ လှုပ်ရှားမှုတွေကိုလည်း တွေ့ရပါတယ်။ ရိုးရာအစဉ်အလာအတိုင်း အစားအသောက်တွေ၊ ပန်းတွေကို ရောင်းချနေကြတဲ့အပြင်၊ ဟောင်ကောင်ရဲ့ Victoria ပန်းခြံမှာ ကျင်းပနေတဲ့ ၆ ရက်ကြာ ပွဲတော်မှာတော့ မတူညီတဲ့ အယူအဆတွေနဲ့ နိုင်ငံရေး အားပြိုင်ပွဲတွေလည်း ပါဝင်နေတာပါ။

ဟောင်ကောင် အစိုးရကို လိုလားတဲ့ နိုင်ငံရေးပါတီက ဒစ်ဂျစ်တယ် ရေဒီယို တလုံး၊ ဆန်ခေါက်ဆွဲထုတ် ၂ ထုတ်နဲ့ ပင်လယ်စာ သံဗူးတဗူး ပါဝင်တဲ့ အထုတ်တွေကို ဈေးချိုချို ရောင်းချပါတယ်။ ဒီမိုကရေစီ လိုလားတဲ့ အုပ်စုတစုကတော့ အစိုးရနဲ့ ပတ်သက်လို့ သူတို့ရဲ့ ခံစားချက်တွေကို တခြားသူတွေ မေ့လျော့မသွားအောင် အသိပေးတဲ့ အနေနဲ့ ဟောင်ကောင်ကျွန်း အုပ်ချုပ်ရေးမှူး C. Y. Leung ရဲ့ မျက်နှာပုံ ရိုက်နှိပ်ထားတဲ့ အိမ်သာသုံး စက္ကူတွေကို ရောင်းချခဲ့ကြတာပါ။

ဒီနှစ် တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်အတွင်း နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ ကိစ္စတွေမှာ ရိုးရာ အနုပညာရှင်တွေလည်း အနည်းနဲ့အများ မကင်းကြပါဘူး။ စာရေးဆရာ Chan Kin Man ကတော့ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ ဖန်တီးမှု အများစုကိုတော့ လူငယ်တွေက တောင်းဆိုလို့ ဖန်တီးခဲ့ကြတာ ဖြစ်တယ်လို့ ပြောပါတယ်။
XS
SM
MD
LG