တ႐ုတ္ႏိုင္ငံမွာ ၁၉၈၉ ခုႏွစ္ကျဖစ္ခဲ့တဲ့ Tiananmen ရင္ျပင္အေရးအခင္း ႏွစ္ပတ္လည္ ဆုေတာင္းပြဲေတြကို စီစဥ္ခဲ့ၾကတဲ့ ေဟာင္ေကာင္က ဒီမိုကေရစီေရးလႈပ္႐ွားသူ ၃ ေယာက္ကို ေထာင္ဒဏ္ ၄ လခြဲစီ ခ်လိုက္ပါတယ္။ ေဟာင္ေကာင္မွာ ဒီမိုကေရစီေရးလႈပ္႐ွားသူေတြအေပၚ ျပစ္မွတ္ထားဖို႔ ျပဌာန္းထားတယ္လို႔ ေဝဖန္ခံေနရတဲ့ အမ်ိဳးသားလုံျခဳံေရး ဥပေဒအရ ေထာင္ခ်ခဲ့တာ ျဖစ္ပါတယ္။
တ႐ုတ္ႏိုင္ငံ ဒီမိုကေရစီေရး လႈပ္႐ွားမႈကို ေထာက္ခံတဲ့ ေဟာင္ေကာင္ မဟာမိတ္အဖြဲ႔ရဲ႕ အဖြဲ႔ဝင္ေဟာင္း ၃ ေယာက္ဟာ အဖြဲ႔နဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြ အာဏာပိုင္ေတြကို ေပးဖို႔ ပ်က္ကြက္တယ္ဆိုၿပီး တရားစြဲခံခဲ့ရတာပါ။ ဒီအမႈအတြက္ အျမင့္ဆုံး ေထာင္ဒဏ္က ၆ လ ျဖစ္ပါတယ္။ ျပစ္ဒဏ္ ခ်ခံရသူေတြကေတာ့ Chow Hang-tung, Tang Ngok Kwan နဲ႔ Tsui Hon Kwong တို႔ ျဖစ္ပါတယ္။
သူတို႔အေနနဲ႔ အမွန္တရား၊ ပြင့္လင္းျမင္သာမႈ၊ တရားမွ်တမႈတို႔အတြက္ ေတာက္ေလွ်ာက္ လုပ္လာတဲ့အတိုင္း ဆက္ၿပီးလည္း လုပ္သြားမွာ ျဖစ္တယ္လို႔ ေထာင္ဒဏ္ခ် မခံရခင္ Chow Hang-tung က ေျပာၾကားခဲ့ပါတယ္။ ၂၀၂၂ ခုႏွစ္ ဇြန္လ ၄ ရက္ေန႔က ေဟာင္ေကာင္မွာ ျပဳလုပ္ခဲ့တဲ့ တီရန္နင္မင္ရင္ျပင္ ႏွစ္ပတ္လည္ ဆုေတာင္းပြဲကို လူအေျမာက္အမ်ား လာေရာက္ခဲ့ၿပီး၊ တ႐ုတ္ေျမေပၚမွာ တီရန္နင္မင္ရင္ျပင္နဲ႔ ပတ္သက္လို႔ ျပဳလုပ္တဲ့ အခမ္းအနားေတြထဲမွာ အႀကီးက်ယ္ဆုံး ျဖစ္ခဲ့ပါတယ္။
==== Unicode ======
တရုတ်နိုင်ငံမှာ ၁၉၈၉ ခုနှစ်ကဖြစ်ခဲ့တဲ့ Tiananmen ရင်ပြင်အရေးအခင်း နှစ်ပတ်လည် ဆုတောင်းပွဲတွေကို စီစဉ်ခဲ့ကြတဲ့ ဟောင်ကောင်က ဒီမိုကရေစီရေးလှုပ်ရှားသူ ၃ ယောက်ကို ထောင်ဒဏ် ၄ လခွဲစီ ချလိုက်ပါတယ်။ ဟောင်ကောင်မှာ ဒီမိုကရေစီရေးလှုပ်ရှားသူတွေအပေါ် ပြစ်မှတ်ထားဖို့ ပြဌာန်းထားတယ်လို့ ဝေဖန်ခံနေရတဲ့ အမျိုးသားလုံခြုံရေး ဥပဒေအရ ထောင်ချခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ထောက်ခံတဲ့ ဟောင်ကောင် မဟာမိတ်အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်း ၃ ယောက်ဟာ အဖွဲ့နဲ့ပတ်သက်တဲ့ အချက်အလက်တွေ အာဏာပိုင်တွေကို ပေးဖို့ ပျက်ကွက်တယ်ဆိုပြီး တရားစွဲခံခဲ့ရတာပါ။ ဒီအမှုအတွက် အမြင့်ဆုံး ထောင်ဒဏ်က ၆ လ ဖြစ်ပါတယ်။ ပြစ်ဒဏ် ချခံရသူတွေကတော့ Chow Hang-tung, Tang Ngok Kwan နဲ့ Tsui Hon Kwong တို့ ဖြစ်ပါတယ်။
သူတို့အနေနဲ့ အမှန်တရား၊ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှုတို့အတွက် တောက်လျှောက် လုပ်လာတဲ့အတိုင်း ဆက်ပြီးလည်း လုပ်သွားမှာ ဖြစ်တယ်လို့ ထောင်ဒဏ်ချ မခံရခင် Chow Hang-tung က ပြောကြားခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဇွန်လ ၄ ရက်နေ့က ဟောင်ကောင်မှာ ပြုလုပ်ခဲ့တဲ့ တီရန်နင်မင်ရင်ပြင် နှစ်ပတ်လည် ဆုတောင်းပွဲကို လူအမြောက်အများ လာရောက်ခဲ့ပြီး၊ တရုတ်မြေပေါ်မှာ တီရန်နင်မင်ရင်ပြင်နဲ့ ပတ်သက်လို့ ပြုလုပ်တဲ့ အခမ်းအနားတွေထဲမှာ အကြီးကျယ်ဆုံး ဖြစ်ခဲ့ပါတယ်။