သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ဆန္ဒပြမှု ပြည်ပ ပယောဂပါ


အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ ဒီမိုကရေစီရေးလှုပ်ရှားသူများနဲ့ ထိပ်တိုက်တွေ့စဉ်။
အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ ဒီမိုကရေစီရေးလှုပ်ရှားသူများနဲ့ ထိပ်တိုက်တွေ့စဉ်။

တရုတ်နိုင်ငံပိုင်နယ်မြေဖြစ်တဲ့ ဟောင်ကောင်ကျွန်းမှာ ဖြစ်ပွားတဲ့ ဒီမိုကရေစီလိုလားသူများရဲ့ ဆန္ဒပြမှုတွေမှာ ပြည်ပအင်အားစုတွေ ပါဝင်နေတယ်လို့ ဟောင်ကောင် ခေါင်းဆောင်က စွပ်စွဲပြောဆိုလိုက်ပါတယ်။

သတင်းပတ်နဲ့ချီပြီးတော့ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ လုံးဝပြည်တွင်းလှုတ်ရှားမှု သက်သက် မဟုတ်ဘူးလို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး leung Chun-ying က တနင်္ဂနွေနေ့ နှောင်းပိုင်း ရုပ်သံလွှင့်ဌာနတခုနဲ့ ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားလိုက်ပါတယ်။

ဒါပေမယ့် နောက်ကွယ်ကနေ ပါဝင်ပတ်သက်နေတယ်လို့ သူ့အနေနဲ့ ယူဆတဲ့ တိုင်းပြည် အဖွဲ့အစည်းရဲ့ အမည်ကိုတော့ ထုတ်ဖေါ်ပြောကြားသွားခြင်းမရှိပါဘူး။

ဆန္ဒပြမှုတွေရဲ့နောက်ကွယ်မှာ အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေရဲ့ ကြိုးကိုင်ချယ်လှယ်မှုတွေ ပါနေတယ်ဆိုပြီးတော့ တရုတ်နိုင်ငံပိုင် မီဒီယာကနေ မကြာခင်က ပြောဆိုခဲ့တာကို သံယောင်လိုက် မှတ်ချက်ပေး ပြောဆိုလိုက်တာသာဖြစ်ပါတယ်။

တနင်္ဂနွေနေ့ စောစောပိုင်းမှာ ဟောင်ကောင်ရဲတွေနဲ့ ဆန္ဒပြသူတွေအကြားတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး အစိုးရနဲ့ ဆန္ဒပြသူတွေကြားမှာ မဖြေရှင်းနိုင်မှုတွေ ပိုမို များပြားလာနေပါတယ်။

အစိုးရက ဆန္ဒပြသူကျောင်းသားတွေနဲ့ အင်္ဂါနေ့မှာ တွေ့ဆုံနိုင်ဖွယ်ရှိတယ်လို့ ပြောဆိုလိုက်ပြီးနောက် နာရီပိုင်းအကြာမှာ အခုလို တိုက်ခိုက်မှုတွေ ထပ်မံဖြစ်ပွားခဲ့တာပါ။

XS
SM
MD
LG