သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အစိုးရ လိုလားသူတွေ ဟောင်ကောင်မှာအနိုင်ရ


ဟောင်ကောင် ရွေးကောက်ပွဲအနိုင်ရ Chan Yuen-han ထောက်ခံသူတွေနဲ့ အောင်ပွဲဆင်နွှဲနေစဉ်
ဟောင်ကောင် ရွေးကောက်ပွဲအနိုင်ရ Chan Yuen-han ထောက်ခံသူတွေနဲ့ အောင်ပွဲဆင်နွှဲနေစဉ်
ဟောင်ကောင်ဥပဒေပြုကောင်စီ ရွေးကောက်ပွဲမှာ တရုတ်နိုင်ငံကို လိုလားတဲ့အစိုးရက အနိုင်ရ သွားပါတယ်။ ဒါပေမဲ့လည်း ပြည်တွင်းပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အပါအဝင် အနာဂတ် မူဝါဒ ချမှတ်တာတွေကို ကန့်ကွက်ပယ်ချနိုင်တဲ့ ကိုယ်စားလှယ် အရေအတွက်ကို ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံတွေက ရသွားပါတယ်။

Leung Chun-Ying အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့ လူထုဆန္ဒပြပွဲတွေကို ဒီမိုကရေစီ လိုလားတဲ့ ဘက်က ဦးဆောင်ခဲ့ပြီးတဲ့ နောက် ရွေးကောက်ပွဲမှာ သူတို့ဘက်က အခြေအနေကောင်းလိမ့်မယ်လို့ သုံးသပ်သူတွေက ခန့်မှန်းထားတာပါ။ စာသင်ကျောင်းတွေမှာ တရုတ်မျိုးချစ်ဝါဒဆိုင်ရာ သင်ခန်းစာတွေ ထည့်သွင်းသင်ကြားဖို့ အစိုးရက အဆိုပြုခဲ့တာအပါအဝင် ကိစ္စ ရပ်အများအပြားအပေါ် Leung ရဲ့ ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး လူထုက ဒေါသထွက်ခဲ့တာကြောင့် ဆန္ဒပြခဲ့ကြတာပါ။

ရွေးကောက်ပွဲ မတိုင်ခင် တရက်အလို စနေနေ့မှာ Leung က အဲဒီအစီအစဉ်ကို ပယ်ဖျက်ခဲ့ပါတယ်။
အဲဒီလို ကျောင်းစာသင်ခန်း အစီအစဉ်ဟာ တရုတ်ကွန်မြူနစ် ပါတီအပေါ် ဟောင်ကောင်လူငယ်တွေ မျက်စေ့မှိတ် ထောက်ခံလာအာင် တရုတ်အာဏာပိုင်တွေက ဝါဒမှိုင်းတိုက်ဖို့ ကြံစည်တာ ဖြစ်နိုင်တယ်ဆိုပြီး လူအများအပြားက စိုးရိမ်နေတာပါ။

ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် ၅၃ ရာခိုင်နှုန်းက မဲပေးခဲ့တာကြောင့် ၂၀၀၈ ခုနှစ်က ၄၅ ရာခိုင်နှုန်း ရှိခဲ့တာနဲ့ နှိုင်းယှဉ်ရင် ပိုများလာပါတယ်။ လွှတ်တော်ကိုယ်စားလှယ်နေရာ ၄၀အတွက် ဟောင်ကောင်ဒေသခံတွေက တိုက်ရိုက် ရွေးကောက်တင်မြှောက်ခဲ့တာဖြစ်ပြီး အရင်ကရှိခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ထက် ၅ နေရာ ပိုများလာပါတယ်။
XS
SM
MD
LG