သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်မှာ စံချိန်တင်ပမာဏ မူးယစ်ဆေးရည်တွေဖမ်းမိ


Hong Kong Drug Seizure
Hong Kong Drug Seizure

ဟောင်ကောင်ကျွန်းမှာ ဒေါ်လာသန်း ၁၄၀ တန်ဖိုးရှိတဲ့ ပမာဏ အများဆုံး methamphetamine စိတ်ကြွ ရူးသွပ်ဆေးရည်တွေ ဖမ်းမိတယ်လို့ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ မက်ဆီကိုနိုင်ငံကလာတဲ့ သင်္ဘောပေါ်မှာ အုန်းရည်ပုလင်းတွေထဲမှာ ၁.၈ မက်ထရစ်တန်ချိန်ရှိတဲ့ methamphetamine စိတ်ကြွဆေးရည်တွေကို ဖွက်ပြီး သယ်ဆောင်လာတာကို အကောက်ခွန်အရာရှိတွေ စစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။

ဟောင်ကောင်မှာ မိတဲ့ မူးယစ်ဆေးတွေထဲမှာ စံချိန်တင်အောင် ပမာဏအများဆုံးဖြစ်ပါတယ်။ အဲဒီသင်္ဘောက Australia နိုင်ငံကို ဆက်သွားမယ့် သင်္ဘောဖြစ်ပါတယ်။ နိုင်ငံတကာ အကြီးစား မူးယစ်မှောင်ခိုဂိုဏ်းတခုနဲ့ ပါတ်သက်နေပုံရတယ်လို့ ဟောင်ကောင်တာဝန်ရှိသူတွေက ပြောပါတယ်။ တောင်အမေရိကလာတဲ့ methamphetamine စစ်စစ် စိတ်ကြွဆေးရည်တွေကို ဟောင်ကောင်ကတဆင့် Australia နိုင်ငံကို ပို့ဆောင်ဖို့ ကြိုးစားတာဖြစ်တယ်လို့ ဟောင်ကောင် အကောက်ခွန်ဌာနရဲ့ မူးယစ်ဆေးဆိုင်ရာ တာဝန်ရှိသူက ပြောပါတယ်။

အာရှရေကြောင်းသွားလာရေးအတွက် အရေးပါတဲ့ ဟောင်ကောင်မှာ ခုလို methamphetamine မူးယစ်ဆေး ဖမ်းမိတာ ပိုများလာနေပါတယ်။ ဒေါ်လာ ၆ သန်းနီးပါးတန်ဖိုးရှိတဲ့ methamphetamine စိတ်ကြွ ရူးသွပ်ဆေးတွေကို လျှပ်စစ် transformer တွေထဲမှာ ခိုးဝှက်သယ်လာပြီး Australia ကို ပို့ဆောင်ဖို့လုပ်တာကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဖမ်းမိခဲ့ပါသေးတယ်။

===== Unicode =====




XS
SM
MD
LG