(Zawgyi / Unicode)
ေဟာင္ေကာင္ကၽြန္းရဲ႕ ေခါင္းေဆာင္သစ္အျဖစ္ John Lee ကို ေရြးေကာက္တင္ေျမႇာက္လိုက္ၿပီ ျဖစ္ပါတယ္။ တ႐ုတ္အစိုးရလိုလားတဲ့ ေရြးေကာက္ပြဲေကာ္မတီဝင္ ၉၉ ရာခုိင္ႏႈန္းက သူ႔ကို ေရြးခ်ယ္တင္ေျမႇာက္လိုက္တာ ျဖစ္ပါတယ္။
ေဟာင္ေကာင္ကၽြန္း အုပ္ခ်ဳပ္ေရးမွဴးအျဖစ္ ေရြးခ်ယ္ခံရဖို႔ လိုအပ္တဲ့ ၇၅၁ မဲထက္ ၂ ဆမက ေက်ာ္လြန္ၿပီး John Lee က စုစုေပါင္းမဲ ၁,၄၁၆ မဲနဲ႔ တနဂၤေႏြေန႔မနက္က ေရြးေကာက္တင္ေျမႇာက္ခံလိုက္ရတာပါ။
ၿပီးခဲ့တဲ့လအတြင္း တ႐ုတ္အစိုးရရဲ႕ ေထာက္ခံမႈ ရရွိခဲ့သူလည္းျဖစ္၊ ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴး ေရြးခ်ယ္ေရးေကာ္မတီရဲ႕ ႀကိဳတင္ေထာက္ခံမဲ ၇၈၆ မဲကို ရရွိထားသူလည္း ျဖစ္တာေၾကာင့္ တဦးတည္းေသာ ကိုယ္စားလွယ္ေလာင္းျဖစ္သူ John Lee အေနနဲ႔ ေသခ်ာေပါက္ အႏိုင္ရမယ္လို႔ ႀကိဳတင္တြက္ဆထားၾကၿပီး ျဖစ္ပါတယ္။
John Lee ဟာ လက္ရွိ အုပ္ခ်ဳပ္ေရးမွဴး Carrie Lam ေနရာမွာ ဇူလိုင္လ ၁ ရက္ေန႔မွာ အစားထိုး တာဝန္ထမ္းေဆာင္မွာ ျဖစ္ပါတယ္။
John Lee ကို အုပ္ခ်ဳပ္ေရးမွဴးအသစ္အျဖစ္ ေရြးေကာက္တင္ေျမႇာက္လိုက္တဲ့အတြက္ တ႐ုတ္အစိုးရက ေဟာင္ေကာင္ကၽြန္းအေပၚ ပိုမိုတင္းက်ပ္တဲ့ အုပ္ခ်ဳပ္ေရးစနစ္ ခ်မွတ္ လုပ္ေဆာင္လာမလား ဆိုတဲ့အေပၚ စိုးရိမ္မႈေတြ ထြက္ေပၚေနပါတယ္။
တ႐ုတ္အစိုးရအေပၚ သစၥာခံသူ မ်ဳိးခ်စ္ေတြသာ ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴးရာထူးကို လက္ခံပိုင္ခြင့္ရွိတယ္ဆိုတဲ့ အျငင္းပြားဖြယ္ ဥပေဒသစ္ကို မႏွစ္က ျပ႒ာန္းအၿပီးမွာ ဒီေရြးေကာက္ပြဲ ျဖစ္ေပၚလာတာပါ။ အဲဒီဥပေဒဟာ အတိုက္အခံအင္အားစုေတြ လုံးဝ ေပ်ာက္ကြယ္သြားေအာင္ ခ်မွတ္လိုက္တဲ့ လုပ္ေဆာင္ခ်က္လည္း ျဖစ္ပါတယ္။
အခုလို John Lee ေရြးေကာက္ခံလိုက္ရတဲ့အေပၚ လက္ရွိအုပ္ခ်ဳပ္ေရးမွဴး Carrie Lam က ခ်ီးက်ဴးစကား ေျပာၾကားလိုက္ၿပီး ေရြးေကာက္ပြဲရလဒ္ကို တ႐ုတ္အစိုးရထံ တင္ျပသြားမယ္လို႔ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။
----------------------------------
(Unicode)
ဟောင်ကောင်အုပ်ချုပ်ရေးမှူးသစ်အဖြစ် John Lee ရွေးကောက်တင်မြှောက်ခံရ
ဟောင်ကောင်ကျွန်းရဲ့ ခေါင်းဆောင်သစ်အဖြစ် John Lee ကို ရွေးကောက်တင်မြှောက်လိုက်ပြီ ဖြစ်ပါတယ်။ တရုတ်အစိုးရလိုလားတဲ့ ရွေးကောက်ပွဲကော်မတီဝင် ၉၉ ရာခိုင်နှုန်းက သူ့ကို ရွေးချယ်တင်မြှောက်လိုက်တာ ဖြစ်ပါတယ်။
ဟောင်ကောင်ကျွန်း အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံရဖို့ လိုအပ်တဲ့ ၇၅၁ မဲထက် ၂ ဆမက ကျော်လွန်ပြီး John Lee က စုစုပေါင်းမဲ ၁,၄၁၆ မဲနဲ့ တနင်္ဂနွေနေ့မနက်က ရွေးကောက်တင်မြှောက်ခံလိုက်ရတာပါ။
ပြီးခဲ့တဲ့လအတွင်း တရုတ်အစိုးရရဲ့ ထောက်ခံမှု ရရှိခဲ့သူလည်းဖြစ်၊ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးကော်မတီရဲ့ ကြိုတင်ထောက်ခံမဲ ၇၈၆ မဲကို ရရှိထားသူလည်း ဖြစ်တာကြောင့် တဦးတည်းသော ကိုယ်စားလှယ်လောင်းဖြစ်သူ John Lee အနေနဲ့ သေချာပေါက် အနိုင်ရမယ်လို့ ကြိုတင်တွက်ဆထားကြပြီး ဖြစ်ပါတယ်။
John Lee ဟာ လက်ရှိ အုပ်ချုပ်ရေးမှူး Carrie Lam နေရာမှာ ဇူလိုင်လ ၁ ရက်နေ့မှာ အစားထိုး တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။
John Lee ကို အုပ်ချုပ်ရေးမှူးအသစ်အဖြစ် ရွေးကောက်တင်မြှောက်လိုက်တဲ့အတွက် တရုတ်အစိုးရက ဟောင်ကောင်ကျွန်းအပေါ် ပိုမိုတင်းကျပ်တဲ့ အုပ်ချုပ်ရေးစနစ် ချမှတ် လုပ်ဆောင်လာမလား ဆိုတဲ့အပေါ် စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။
တရုတ်အစိုးရအပေါ် သစ္စာခံသူ မျိုးချစ်တွေသာ ဟောင်ကောင်အုပ်ချုပ်ရေးမှူးရာထူးကို လက်ခံပိုင်ခွင့်ရှိတယ်ဆိုတဲ့ အငြင်းပွားဖွယ် ဥပဒေသစ်ကို မနှစ်က ပြဋ္ဌာန်းအပြီးမှာ ဒီရွေးကောက်ပွဲ ဖြစ်ပေါ်လာတာပါ။ အဲဒီဥပဒေဟာ အတိုက်အခံအင်အားစုတွေ လုံးဝ ပျောက်ကွယ်သွားအောင် ချမှတ်လိုက်တဲ့ လုပ်ဆောင်ချက်လည်း ဖြစ်ပါတယ်။
အခုလို John Lee ရွေးကောက်ခံလိုက်ရတဲ့အပေါ် လက်ရှိအုပ်ချုပ်ရေးမှူး Carrie Lam က ချီးကျူးစကား ပြောကြားလိုက်ပြီး ရွေးကောက်ပွဲရလဒ်ကို တရုတ်အစိုးရထံ တင်ပြသွားမယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။