သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ဆန္ဒပြပွဲ တရုတ်ဖြိုခွဲ


အစိုးရကို ဆန့်ကျင်ကန့်ကွက်နေတဲ့ ဟောင်ကောင်ကျောင်းသားတွေကို ရပ်တပ်ဖွဲ့က နှိမ်နင်းနေစဉ်။
အစိုးရကို ဆန့်ကျင်ကန့်ကွက်နေတဲ့ ဟောင်ကောင်ကျောင်းသားတွေကို ရပ်တပ်ဖွဲ့က နှိမ်နင်းနေစဉ်။

ဟောင်ကောင် အစိုးရရုံးတွေမှာ ညလုံးပေါက်ပိတ်ဆို့ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို ဒါဇင်နဲ့ချီပြီး လုံထိန်းရဲတွေ ဖမ်းဆီးခဲ့ပါတယ်။

အစိုးရရုံးဂိတ်ပေါက်ဝနဲ့ တော်တော်မြင့်တဲ့ ခြံစည်းရိုးအုတ်တံတိုင်းတွေကို ဖြတ်ပြီး အဆောက်အဦးတွင်း ဝင်ရောက်ဖို့ကြိုးစားနေတဲ့ ဆန္ဒပြကျောင်းသူကျောင်းသားတွေနဲ့ လုံထိန်းရဲတွေ တညလုံး ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြတာပါ။

စနေနေ့မှာ ဆန္ဒပြကျောင်းသားတွေကို ရဲတွေက ငရုပ်ရည်တွပက်ပြီး လူစုခွဲခဲ့ပါတယ်။ အစိုးရရုံး အဆောက်အဦးအပြင်ဘက်မှာ ထိုင်ပြီး ဆန္ဒပြနေသူတွေကတော့ သူတို့သူငယ်ချင်းကျောင်းသားတွေကို မဖမ်းဆီးဖို့ ရဲတွေကို အော်ဟစ်တောင်းဆိုခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲ ဖြိုခွဲမှုမှာ ကျောင်းသားတွေဘက်က ဒဏ်ရာအနည်းငယ်ရခဲ့တယ်လို့ ဟောင်ကောင်ရဲတွေက ပြောပါတယ်။

၂၀၁၇ ခုနှစ်မှာ ရွေးကောက်ပွဲကို ဒီမိုကရေစီနည်းလမ်းတကျ ကျင်းပပေးဖို့ ဟောင်ကောင်ကျောင်းသားတွေက တောင်းဆိုနေကြတာပါ။

ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သူအားလုံးဟာ တရုတ်အစိုးရလိုလားတဲ့ ရွေးကောက်ပွဲကော်မတီက အသိအမှတ်ပြုသူတွေပဲဖြစ်ရမယ်လို့ တရုတ်အစိုးရက ထုတ်ပြန်ကြေညာလိုက်ပြီးတဲ့နောက် ဟောင်ကောင်ကျောင်းသားတွေက မကျေမနပ် ဆန္ဒပြခဲ့ကြတာပါ။

XS
SM
MD
LG