သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်မှာ ပထမဆုံးအကြိမ် ဆန္ဒပြပွဲတွေ ပြန်လည်ခွင့်ပြု


Protesters demonstrate against a land reclamation and waste transfer station project during one of the first demonstrations to be formally approved since the enactment of a sweeping national security law, in Hong Kong, March 26, 2023.
Protesters demonstrate against a land reclamation and waste transfer station project during one of the first demonstrations to be formally approved since the enactment of a sweeping national security law, in Hong Kong, March 26, 2023.

ဟောင်ကောင်မှာတော့ ကန့်သတ်မှုတွေ တင်းတင်းကြပ်ကြပ် ချထားတဲ့ကြားကပဲ လူတွေဒါဇင်နဲ့ချီ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲကို အာဏာပိုင်တွေဘက်က ခွင့်ပြုခဲ့ပြီး၊ ဒါဟာ ၂၀၂၀ ပြည့်နှစ်မှာ တရုတ်အစိုးရက အမျိုးသားလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းလိုက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဆန္ဒပြတဲ့သူတွေက ကြွေးကြော်သံတွေပါတဲ့ ဆန္ဒပြ ပိုစတာဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး၊ ဟောင်ကောင် အရှေ့ပိုင်းက Tseung Kwan O မှာ ချီတက်ဆန္ဒပြခဲ့ကြတာပါ။

“ပုံမှန်အခြေအနေကို ပြန်ရောက်ပြီးတဲ့နောက်၊ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် အခုလိုမျိုး ဆန္ဒပြပွဲကို အာဏာပိုင်တွေဘက်က ခွင့်ပြုတယ်ဆိုတဲ့စာကြောင့် ဝမ်းသာပြီးတော့ အံအားသင့်မိပါတယ်။ နောက်ဆုံးချိန်ထိ ဆန္ဒပြပွဲကို ပယ်လိုက်မလားဆိုပြီး စိုးရိမ်မှုတွေ ရှိခဲ့ပေမယ့်၊ လုပ်ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်လို့” အသက် ၅၃ နှစ်အရွယ် Winnie Chiu ပြောသွားတာပါ။

ဆန္ဒပြပွဲစီစဉ်သူတွေက ဒီဆန္ဒပြပွဲအတွင်း နိုင်ငံတော်အပေါ် အကြည်ညိုပျက်စေတဲ့ ပြောဆိုရေးသားမှုတွေ မလုပ်ဘူးဆိုတာအပါအဝင်၊ အမျိုးသားလုံခြုံရေး ဥပဒေကို မချိုးဖောက်ဘူးဆိုတာကို အာမခံခဲ့တာကြောင့် ရဲတွေက ဒီဆန္ဒပြပွဲကို မကန့်ကွက်ဘဲ ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

ကုန်းမြေချဲ့ထွင်မှုနဲ့ အမှိုက်စွန့်ပစ်တဲ့ စက်ရုံစီမံကိန်းနဲ့ ပတ်သက်ပြီး ကန့်ကွက်တဲ့ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့တွေက တင်းကြပ်စွာစောင့်ကြည့်ခဲ့ကြပြီး၊ ဆန္ဒပြတဲ့သူတွေအနေနဲ့ နှာခေါင်းစည်းတွေတပ်လို့ မရဘဲ၊ နံပါတ်တပ်ထားတဲ့ ကဒ်ပြားတွေကိုတော့ လည်ပင်းမှာချိတ်ဆွဲထားရပါတယ်။

==== Unicode ====





XS
SM
MD
LG