သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်အမတ်တွေ လွှတ်တော်က ထထွက်ခဲ့ကြ


ဟောင်ကောင်မှာ ဒီမိုကရေစီ လိုလားတဲ့ လွှတ်တော်အမတ်တွေက ပြီးခဲ့တဲ့နှစ်က မြို့လည်မှာ ဒီမိုကရေစီရေး ဆန္ဒပြလှုပ်ရှားမှုတွေရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ အဝါရောင် ထီးတွေကို ကိုင်မြှောက်ကာ ဗုဒ္ဓဟူးနေ့က လွှတ်တော်အစည်းအဝေးပွဲကနေ ထထွက်ခဲ့ကြပါတယ်။

ဟောင်ကောင်မှာ ၂၀၁၇ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ကြိုတင်စိစစ်ဖို့ အဆိုပြုချက်ကို ဟောင်ကောင်အတွင်းဝန်ချုပ် Carrie Lam က တင်သွင်းနေချိန်မှာ အခုလို လွှတ်တော်ကိုယ်စားလှယ်တွေက ထထွက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါဟာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ကြိုတင်စိစစ်ဖို့ တရုတ်ပြည်မကြီးရဲ့ အစီအစဉ်ကို တင်ပြခဲ့ချိန်ကစလို့ ပြီးခဲ့တဲ့နှစ်က ဟောင်ကောင်မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေအပေါ် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှုကို ပြသတဲ့ အရိပ်လက္ခဏာလို့ ရှုမြင်ကြပါတယ်။

ဟောင်ကောင်အတွင်းဝန်ချုပ် Carrie Lam က တရုတ်ပြည်မကြီးက တင်ပြခဲ့တဲ့ အစီအစဉ်အပေါ် အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင်အထည်ဖော် ရေးဆွဲရမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံဖို့ အတိုက်အခံတွေကို နားချနိုင်မယ့် မျှော်လင့်ချက်ကိုတော့ မစ် Lam က ထားဆဲရှိတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG