သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင် ဆန္ဒပြခေါင်းဆောင်နဲ့ အစိုးရကြား ဆွေးနွေးဖို့ သဘောတူ


ဟောင်ကောင်အစိုးရရုံးတွေအပြင်ဘက် ဆန္ဒပြသူတွေ ထိန်းချုပ်ထားတဲ့ ရုံးချုပ်ကို ဝန်ထမ်းများပြန်လည် လုပ်ငန်းခွင် ဝင်ရောက်စဉ်။
ဟောင်ကောင်အစိုးရရုံးတွေအပြင်ဘက် ဆန္ဒပြသူတွေ ထိန်းချုပ်ထားတဲ့ ရုံးချုပ်ကို ဝန်ထမ်းများပြန်လည် လုပ်ငန်းခွင် ဝင်ရောက်စဉ်။

သီတင်းတပတ်ကျော်ကြာ ဟောင်ကောင်ကျွန်းရဲ့ နေ့စဉ်လည်ပတ်မှုတွေကို ရပ်တန့်သွားစေခဲ့တဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့ကြတဲ့ ကျောင်းသား ခေါင်းဆောင်တွေဟာ သူတို့လိုလားနေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်ဖို့ကိစ္စကို အစိုးရအရာရှိတွေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ အခြေခံမူတွေ ချမှတ်ခဲ့ကြပါတယ်။

တင်းမာတဲ့ ဆန္ဒပြမှုတွေဟာ တနင်္လာနေ့မှာ လျော့ကျသွားခဲ့ပြီး အခုလိုဆွေးနွေးညှိနှိုင်းကြဖို့ ဖြစ်လာခဲ့တာပါ။ အစိုးရရုံးတွေကို ဝိုင်းရံ ဆန္ဒပြသူတွေက အစိုးရအမှုထမ်းတွေကို ပြန်လည်ပြီး ရုံးတက်ခွင့် ပြုခဲ့ကြပါတယ်။

ဟောင်ကောင်ကျောင်းသားများအဖွဲ့က Lester Shum က တနင်္လာနေ့ကျင်းပတဲ့ အစည်းအဝေးမှာ အစိုးရအရာရှိတွေနဲ့ ကျောင်းသား ခေါင်းဆောင်တွေကြား အနာဂတ်မှာ တွေ့ဆုံဖို့ စည်းကမ်း သတ်မှတ်ချက်တွေ ချမှတ်ခဲ့ပါတယ်။

ချမှတ်ထားတဲ့ မူဘောင်သတ်မှတ်ချက်တွေထဲမှာ အစည်းအဝေး ကာလအတွင်း ရရှိထားတဲ့ သဘောတူညီမှုတွေကို ဟောင်ကောင်အစိုးရက အကောင်အထည်ဖေါ်ပေးရမယ်လို့ ဆိုပါတယ်။

နောက်တကြိမ် ပဏာမ တွေ့ဆုံမှုကို ဒီကနေ့ အင်္ဂါနေ့ ဟောင်ကောင်မှာ ကျင်းပသွားဖို့ရှိတယ်လို့ သိရပါတယ်။

ဟောင်ကောင်အစိုးရဟာ ဆန္ဒပြသူတွေနဲ့ အခြေခံဥပဒေရေးရာကိစ္စတွေကို ညှိနှိုင်းတဲ့နေရာမှာ အပြုသဘောနဲ့ ရိုးသားစွာ ဆွေးနွေးမှာ ဖြစ်တယ်လို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး Leung Chun-ying က ပြောပါတယ်။

XS
SM
MD
LG