သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင် ဒီမိုကရေစီရေးလှုပ်ရှားသူ ထောင်ဒဏ် ၁၃ လ ချမှတ်ခံရ


ဟောင်ကောင်က မီဒီယာ လုပ်ငန်းရှင်ကြီး ထင်ရှားတဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ Jimmy Lai (ဖေဖေါ်ဝါရီလ ၁၊ ၂၀၂၁)
ဟောင်ကောင်က မီဒီယာ လုပ်ငန်းရှင်ကြီး ထင်ရှားတဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ Jimmy Lai (ဖေဖေါ်ဝါရီလ ၁၊ ၂၀၂၁)

၁၉၈၉ ခုနှစ် Tiananmen ရင်ပြင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အောက်မေ့ဖွယ် အဖြစ် ခွင့်ပြုချက် မရဘဲ ကျင်းပခဲ့တဲ့ ဖယောင်းတိုင်မီးထွန်းညှိပွဲမှာ ပါဝင်မှုနဲ့ ဟောင်ကောင်က မီဒီယာ လုပ်ငန်းရှင်ကြီး ထင်ရှားတဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကို တနလာၤနေ့မှာဘဲ ထောင်ဒဏ် ၁၃ လ ချမှတ်လိုက်ပါတယ်။ Lai နဲ့ အတူ တခြားသော တက်ကြွလှုပ်ရှားသူတွေ ဖြစ်တဲ့ ရှေ့နေ Chow Hang Tung နဲ့ သတင်းထောက်ဟောင်း Gwyneth Ho တို့ကို ပြီးခဲ့တဲ့နှစ်က အခမ်းအနား တခုမှာ ပါဝင်ခဲ့မှုဟာဆိုရင် ခွင့်ပြုချက်မဲ့ စည်းဝေးမှုမှာ ပါဝင်လာရေး လှုံ့ဆော်မှုနဲ့ အပြစ်ရှိကြောင်း ပြီးခဲ့တဲ့ ကြာသပတေးနေ့က စီရင်ချက် ချခဲ့တာပါ။

ရှေ့နေ Tung ကို ထောင်ဒဏ် ၁၂ လနဲ့ သတင်းထောက်ဟောင်း Ho ကိုတော့ ထောင်ဒဏ် ၆ လ အဖြစ် တနလာၤနေ့က ပြစ်ဒဏ် ချမှတ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၄ ရက်နေ့ အခမ်းအနား ဖြစ်မြောက်ရေး ကြိုးပမ်းမှု၊ တက်ရောက်ခဲ့မှု ဒါမှမဟုတ်လည်း တခြားသူတွေ တက်ရောက်အောင် လှုံ့ဆော်ဖို့ ကြိုးစားခဲ့ကြတဲ့ ၈ ဦးထဲမှာ သူတို့ သုံးဦး ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

ကျန်တဲ့ တက်ကြွလှုပ်ရှားသူ ၅ ဦးကိုလည်း ထောင်ဒဏ် ၄ လ ကနေ ၁၄ လ အထိ တနလာၤနေ့က ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ပါတယ်။ အောက်မေ့ဖွယ် ဖယောင်းတိုင်မီး ထွန်းညှိပွဲကိုတော့ အခု ဖျက်သိမ်းလိုက်ပြီ ဖြစ်တဲ့ တရုတ် ဒီမိုကရေစီ လှုပ်ရှားမှု သူရဲကောင်းများကို ထောက်ခံတဲ့ ဟောင်ကောင် မဟာမိတ် အဖွဲ့က စည်းရုံး ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး တနလာၤနေ့ ထောင်ဒဏ် ချမှတ်ခံရသူတွေထဲမှာ အဖွဲ့ခေါင်းဆောင် Lee Cheuk-yan လည်း ပါဝင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------------------






XS
SM
MD
LG