သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ရဲနဲ့ ဆန္ဒပြသူများအကြား ရုန်းရင်းဆံခတ်ထပ်မံဖြစ်ပွား


Mong Kok အရပ်မှာ ဆန့်ကျင်ဆန္ဒပြသူတွေကို စောင့်ကြည့်နေတဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တစ်ဦး။ (အောက်တိုဘာ ၁၉၊ ၂၀၁၄)
Mong Kok အရပ်မှာ ဆန့်ကျင်ဆန္ဒပြသူတွေကို စောင့်ကြည့်နေတဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တစ်ဦး။ (အောက်တိုဘာ ၁၉၊ ၂၀၁၄)

ဟောင်ကောင်မှာ ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ၄ ည ဆက်တိုက်အဖြစ် တနင်္ဂနွေနေ့ အနက်အစောပိုင်းမှာလည်း ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။ ကောင်လွန်းကျွန်းပေါ်က Mong Kok အရပ်မှာ ရဲတွေတားဆီးထားတဲ့ အတားအဆီးတွေကို ဆန္ဒပြသူတွေဖက်က ဖြတ်ကျော်ဖို့ကြိုးစားရာမှာ ရဲတွေကလည်း ဆန္ဒပြသူတွေကို အတင်းပြန်တွန်းခဲ့ကြပါတယ်။ ၂ ဖက်လုံးမှာ အနည်းငယ်ထိခိုက်ဒဏ်ရာရမှုတွေရှိခဲ့ပါတယ်။

ဆန္ဒပြသူတွေထဲ ပြဿနာရှိသူတွေရောက်နေပြီး ပြဿနာမဖြစ်ဖြစ်အောင်လုပ်နေတယ်လို့ ရဲတပ်ဖဲ့ွ ပြည်သူ့ဆက်ဆံရေးတာဝန်ခံ HUI CHUN-TAK က ခုလိုပြောပါတယ်။

ဆန္ဒပြသူတွေနေရာယူထားတဲ့ Mong Kok အရပ်ဟာ အင်မတန် အန္တရာယ်ရှိတဲ့ နေရာတခုဖြစ်နေပါသေးတယ်။ အစွန်းရောက်အဖွဲ့က လှုပ်ရှားသူတွေ၊ ပြဿနာရှာချင်သူတွေက ဆန္ဒပြသူတွေထဲမှာ ရောပြီး ရဲအရာရှိတွေကို ရန်စ၊ အခြေအနေ မငြိမ်သက်ဖြစ်အောင် မကြာမကြာလုပ်နေပါတယ်လို့ ရဲတပ်ဖွဲ့ ပြည်သူ့ဆက်ဆံရေးတာဝန်ခံက ပြောသွားတာပါ၊ ဖြစ်ပေါ်တိုးတက်မှုတွေကို ရဲတပ်ဖွဲ့က ဆက်လက်စောင့်ကြည့် သုံးသပ်နေပြီး အခြေအနေအပေါ် မူတည်တုံ့ပြန်အရေးယူသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဟောင်ကောင်မြို့လယ်က အစိုးရရုံးတွေရှိရာ အရပ်နားမှာလည်း ဒီကနေ့ တနင်္ဂနွေနေ့မှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ စခန်းချ ဆန္ဒပြနေကြပါတယ်။ ဆန္ဒပြကျောင်းသားခေါင်းဆောင်တွေနဲ့ ဟောင်ကောင်အစိုးရကြား အင်္ဂါနေ့မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဟောင်ကောင်အုပ်ချုပ်ရေးမှူးကို ဟောင်ကောင်ပြည်သူတွေ အပြည့်အဝ ရွေးချယ်နိုင်ဖို့မှာ တရုတ်ပြည်မကြီးအစိုးရက ကန့်သတ်ချက်တွေ ချခဲ့တဲ့အပေါ် ဒေါသထွက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ လက်ရှိအုပ်ချုပ်ရေးမှူး C Y Leung ဟာလည်း ကောင်ဟောင်လွတ်လပ်ခွင့်အတွက် ပြတ်ပြတ်သားသား မရပ်တည်ဘူးလို့ ဆန္ဒပြပြည်သူတွေ ကျောင်းသားတွေက စွပ်စွဲပြီး ရာထူးကဆင်ပေးဖို့ တောင်းဆိုနေကြပါတယ်။

XS
SM
MD
LG