သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင် ဆန္ဒပြသူတွေ အစိုးရနဲ့ ဆွေးနွေးဖို့ သဘောတူ

တရုတ်နိုင်ငံ အမျိုးသားနေ့ ဟောင်ကောင်မှာ ကျောင်းသားတွေ ငြိမ်းချမ်းစွာ ဆန္ဒပြဆက်ပြ
1/17 တရုတ်နိုင်ငံ အမျိုးသားနေ့ ဟောင်ကောင်မှာ ကျောင်းသားတွေ ငြိမ်းချမ်းစွာ ဆန္ဒပြဆက်ပြ
တရုတ်နိုင်ငံ အမျိုးသားနေ့ ဟောင်ကောင်မှာ ကျောင်းသားနဲ့ ပြည်သူတွေ ငြိမ်းချမ်းစွာ ဆန္ဒပြဆက်ပြ
2/17 တရုတ်နိုင်ငံ အမျိုးသားနေ့ ဟောင်ကောင်မှာ ကျောင်းသားနဲ့ ပြည်သူတွေ ငြိမ်းချမ်းစွာ ဆန္ဒပြဆက်ပြ
တရုတ်နိုင်ငံ အမျိုးသားနေ့ ဟောင်ကောင်မှာ ကျောင်းသားတွေ ငြိမ်းချမ်းစွာ ဆန္ဒပြဆက်ပြ
3/17 တရုတ်နိုင်ငံ အမျိုးသားနေ့ ဟောင်ကောင်မှာ ကျောင်းသားတွေ ငြိမ်းချမ်းစွာ ဆန္ဒပြဆက်ပြ
တရုတ်နိုင်ငံ အမျိုးသားနေ့ ဟောင်ကောင်မှာ ကျောင်းသားတွေ ငြိမ်းချမ်းစွာ ဆန္ဒပြဆက်ပြ
4/17 တရုတ်နိုင်ငံ အမျိုးသားနေ့ ဟောင်ကောင်မှာ ကျောင်းသားတွေ ငြိမ်းချမ်းစွာ ဆန္ဒပြဆက်ပြ
တရုတ်နိုင်ငံ အမျိုးသားနေ့ ဟောင်ကောင်မှာ ကျောင်းသားတွေ ငြိမ်းချမ်းစွာ ဆန္ဒပြဆက်ပြ
5/17 တရုတ်နိုင်ငံ အမျိုးသားနေ့ ဟောင်ကောင်မှာ ကျောင်းသားတွေ ငြိမ်းချမ်းစွာ ဆန္ဒပြဆက်ပြ
ဟောင်ကောင်အုပ်ချုပ်ရေးမှူး Leung Chun-ying ဆင်းပေးရေး ဆန္ဒပြတောင်းဆိုနေချိန် တရုတ်အမျိုးသားနေ့ စစ်ရေးပြအခမ်းအနား တက်ရောက်လာတဲ့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး
6/17 ဟောင်ကောင်အုပ်ချုပ်ရေးမှူး Leung Chun-ying ဆင်းပေးရေး ဆန္ဒပြတောင်းဆိုနေချိန် တရုတ်အမျိုးသားနေ့ စစ်ရေးပြအခမ်းအနား တက်ရောက်လာတဲ့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး
Yaman ayoli
7/17 Yaman ayoli
ထိခိုက်ဒဏ်ရာရသူတွေကို ကူညီဖို့ ပြင်ဆင်ထားတဲ့ ကြက်ခြေနီအဖွဲ့
8/17 ထိခိုက်ဒဏ်ရာရသူတွေကို ကူညီဖို့ ပြင်ဆင်ထားတဲ့ ကြက်ခြေနီအဖွဲ့
ဗုဒ္ဓဟူးနေ့ ဟောင်ကောင်ဆန္ဒပြမြင်ကွင်း
9/17 ဗုဒ္ဓဟူးနေ့ ဟောင်ကောင်ဆန္ဒပြမြင်ကွင်း
တရုတ်အမျိုးသားနေ့အခမ်းအနားကို တက်ရောက်လာတဲ့ ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့
10/17 တရုတ်အမျိုးသားနေ့အခမ်းအနားကို တက်ရောက်လာတဲ့ ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့
အင်္ဂါနေ့ ဆန္ဒပြမြင်ကွင်း
11/17 အင်္ဂါနေ့ ဆန္ဒပြမြင်ကွင်း
အင်္ဂါနေ့ ဆန္ဒပြမြင်ကွင်း
12/17 အင်္ဂါနေ့ ဆန္ဒပြမြင်ကွင်း
ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ ဟောင်ကောင်ကျောင်းသားများ
13/17 ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ ဟောင်ကောင်ကျောင်းသားများ
ဒီမိုကရေစီဆိုင်းဘုတ်နဲ့အတူ ဟောင်ကောင်ဆန္ဒပြခေါင်းဆောင်
14/17 ဒီမိုကရေစီဆိုင်းဘုတ်နဲ့အတူ ဟောင်ကောင်ဆန္ဒပြခေါင်းဆောင်
အင်္ဂါနေ့ည ဆန္ဒပြမြင်ကွင်း
15/17 အင်္ဂါနေ့ည ဆန္ဒပြမြင်ကွင်း
အင်္ဂါနေ့ည ဆန္ဒပြမြင်ကွင်း
16/17 အင်္ဂါနေ့ည ဆန္ဒပြမြင်ကွင်း
၂၈ ရက်နေ့က အဓိကရုဏ်းရဲတွေ အသုံးပြုတဲ့ မျက်ရည်ယိုဗုံးနဲ့ ငရုတ်ကောင်း spray နှိမ်နင်းမှုကို ထီးဆောင်းအံတုခဲ့တဲ့ ဆန္ဒပြကျောင်းသားများ
17/17 ၂၈ ရက်နေ့က အဓိကရုဏ်းရဲတွေ အသုံးပြုတဲ့ မျက်ရည်ယိုဗုံးနဲ့ ငရုတ်ကောင်း spray နှိမ်နင်းမှုကို ထီးဆောင်းအံတုခဲ့တဲ့ ဆန္ဒပြကျောင်းသားများ
Previous slide
Next slide

ဟောင်ကောင်မှာ နေ့စဉ် ဆက်တိုက် ဖြစ်ပွားနေတဲ့ လူထုဆန္ဒပြပွဲကြီး ဦးစီး ဦးဆောင်ပြုကြတဲ့ ကျောင်းသားခေါင်းဆောင် တွေဟာ အရေးအခင်းတွေ အဆုံးသတ်စေဖို့အတွက် တရုတ်ပြည်မကြီးကို လိုလားတဲ့ အစိုးရနဲ့ ဆွေးနွေး ဖို့ နောက်ဆုံး အချိန်မှာ ကပ်ပြီး သဘောတူလိုက်ပါတယ်။
ဟောင်ကောင် အုပ်ချုပ်ရေးမှုးက ဆန္ဒပြခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ကမ်းလှမ်းလိုက်ပြီးတဲ့နောက် သောကြာနေ့ စောစောပိုင်းမှာ အခုလိုဆွေးနွေးဖို့ သဘောတူညီလိုက်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

အခုလို ကမ်းလှမ်းလိုက်တယ်ဆိုပေမဲ့ ဟောင်ကောင် အုပ်ချုပ်ရေးမှုး Leung Chun-ying ဟာ ကျောင်းသားတွေ တောင်းဆို ထားတဲ့ အဓိက အချက်ဖြစ်တဲ့ သူနှုတ်ထွက် ပေးရေးကိုတော့ ငြင်းပယ်ထားပါတယ်။ ကျောင်းသားတွေက သူတို့ တောင်းဆိုထားတဲ့ အတိုင်း မစ္စတာ Leung နှုတ်ထွက်မပေးဘူးဆိုရင် အစိုးရရုံးတွေကို တိုက်ခိုက် သိမ်းပိုက်မယ်လို့ ခြိမ်းခြောက်ထားခဲ့တာပါ။

ဒါပေမဲ့ သတ်မှတ်ထားတဲ့ အချိန်ကကျော်လွန်သွားခဲ့ပြီး၊ အစိုးရရုံးတဝိုက်မှာလည်း အကြမ်းဖက်မှု တစုံတရာ ဖြစ်ပွားတယ်ဆိုတဲ့ သတင်း ထွက်ပေါ်တာ မတွေ့ရပါဘူး။
အစိုးရရုံးတဝိုက်ကို ကျောင်းသားတွေက ဝိုင်းထားသလို ရဲတပ်ဖွဲကလည်း လုံခြုံရေးယူထားတာကို တွေ့ရပါတယ်။

ဟောင်ကောင် ဒီမိုကရေစီရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းဖြစ်တဲ့ Occupy Central အဖွဲ့ကတော့ ပြုလုပ်မဲ့ တွေ့ဆုံမှု ကနေ လက်ရှိနိုင်ငံရေး အခြေအနေအတွက် အပြောင်းလဲတခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်းပြောပါတယ်။

XS
SM
MD
LG