သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ဆန္ဒပြမှု ဗုဒ္ဓဟူးနေ့ အရှိန်မြှင့်နိုင်


အာဏာဖီဆန်နေမှုကို အဆုံးသတ်ဖို့ ဟောင်ကောင်အစိုးရက ထုတ်ထားတဲ့အမိန့်ကို ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေက ဆက်လက် အံတု နေကြပါတယ်။ ဆန္ဒပြမှုတွေဟာ တရုတ်အမျိုးသားနေ့ဖြစ်တဲ့ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပိုမို ကြီးထွားလာဖွယ် ရှိနေပါတယ်။

သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ အနည်းဆုံး ဟောင်ကောင်ရဲ့ ဒေသသုံးခုမှာ အင်္ဂါနေ့က ရွက်ဖျင်တဲတွေထိုးပြီးတော့ သူတို့ရဲ့ တောင်းဆိုချက်တွေဖြစ်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ပေးဖို့နဲ့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး Leung Chun-ying ရာထူးကနေဆင်းပေးဖို့ စတာတွေကို ဆက်လက် တောင်းဆိုနေကြပါတယ်။

ဟောင်ကောင် ဗဟိုချက်မကို သိမ်းပိုက်ထားတဲ့ Occupy Central လှုတ်ရှားမှုအဖွဲ့က သူတို့ရဲ့တောင်းဆိုချက်တွေကို ဗုဒ္ဓဟူးနေ့မှာ နောက်ဆုံးထားပြီး လုပ်ဆောင်ပေးရမယ်လို့ ပြောဆိုထားပါတယ်။ လှုပ်ရှားမှုအဖွဲ့ရဲ့ စည်းရုံးရေးမှူးတဦးဖြစ်သူ Chen Jianmin က အခြေအနေတွေကို ထိန်းသိမ်းနိုင်ဖို့ နည်းလမ်းကတော့ မစ္စတာ Leaung အနေနဲ့ ရာထူးက ဆင်းပေးပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကို ပြန်စလုပ်ဖို့ပဲ ဖြစ်တယ်လို့ ဗွီအိုအေကို ပြောဆိုပါတယ်။

ဟောင်ကောင်အုပ်ချုပ်ရေးမှူး Leaung ကတော့ သူ့အနေနဲ့ ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆီးမပေးနိုင်ကြောင်းနဲ့ ၅ ရက်ကြာနေပြီဖြစ်တဲ့ ဆန္ဒပြမှုကို ချက်ချင်း ရုပ်သိမ်းပေးဖို့ Occupy Central အဖွဲ့ကို အင်္ဂါနေ့က တောင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က နှစ်ဘက်စလုံးအနေနဲ့ မတူညီမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြဖို့ အင်္ဂါနေ့မှာ တိုက်တွန်းထားပါတယ်။

XS
SM
MD
LG