သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံနေ့ ဟောင်ကောင်ဆန္ဒပြပွဲ အရှိန်မြှင့်

တရုတ်နိုင်ငံ အမျိုးသားနေ့ ဟောင်ကောင်မှာ ကျောင်းသားတွေ ငြိမ်းချမ်းစွာ ဆန္ဒပြဆက်ပြ
1/17 တရုတ်နိုင်ငံ အမျိုးသားနေ့ ဟောင်ကောင်မှာ ကျောင်းသားတွေ ငြိမ်းချမ်းစွာ ဆန္ဒပြဆက်ပြ
အသေးစိတ် ဖတ်ရှုရန် Show less
တရုတ်နိုင်ငံ အမျိုးသားနေ့ ဟောင်ကောင်မှာ ကျောင်းသားနဲ့ ပြည်သူတွေ ငြိမ်းချမ်းစွာ ဆန္ဒပြဆက်ပြ
2/17 တရုတ်နိုင်ငံ အမျိုးသားနေ့ ဟောင်ကောင်မှာ ကျောင်းသားနဲ့ ပြည်သူတွေ ငြိမ်းချမ်းစွာ ဆန္ဒပြဆက်ပြ
အသေးစိတ် ဖတ်ရှုရန် Show less
တရုတ်နိုင်ငံ အမျိုးသားနေ့ ဟောင်ကောင်မှာ ကျောင်းသားတွေ ငြိမ်းချမ်းစွာ ဆန္ဒပြဆက်ပြ
3/17 တရုတ်နိုင်ငံ အမျိုးသားနေ့ ဟောင်ကောင်မှာ ကျောင်းသားတွေ ငြိမ်းချမ်းစွာ ဆန္ဒပြဆက်ပြ
အသေးစိတ် ဖတ်ရှုရန် Show less
တရုတ်နိုင်ငံ အမျိုးသားနေ့ ဟောင်ကောင်မှာ ကျောင်းသားတွေ ငြိမ်းချမ်းစွာ ဆန္ဒပြဆက်ပြ
4/17 တရုတ်နိုင်ငံ အမျိုးသားနေ့ ဟောင်ကောင်မှာ ကျောင်းသားတွေ ငြိမ်းချမ်းစွာ ဆန္ဒပြဆက်ပြ
အသေးစိတ် ဖတ်ရှုရန် Show less
တရုတ်နိုင်ငံ အမျိုးသားနေ့ ဟောင်ကောင်မှာ ကျောင်းသားတွေ ငြိမ်းချမ်းစွာ ဆန္ဒပြဆက်ပြ
5/17 တရုတ်နိုင်ငံ အမျိုးသားနေ့ ဟောင်ကောင်မှာ ကျောင်းသားတွေ ငြိမ်းချမ်းစွာ ဆန္ဒပြဆက်ပြ
အသေးစိတ် ဖတ်ရှုရန် Show less
ဟောင်ကောင်အုပ်ချုပ်ရေးမှူး Leung Chun-ying ဆင်းပေးရေး ဆန္ဒပြတောင်းဆိုနေချိန် တရုတ်အမျိုးသားနေ့ စစ်ရေးပြအခမ်းအနား တက်ရောက်လာတဲ့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး
6/17 ဟောင်ကောင်အုပ်ချုပ်ရေးမှူး Leung Chun-ying ဆင်းပေးရေး ဆန္ဒပြတောင်းဆိုနေချိန် တရုတ်အမျိုးသားနေ့ စစ်ရေးပြအခမ်းအနား တက်ရောက်လာတဲ့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး
အသေးစိတ် ဖတ်ရှုရန် Show less
Yaman ayoli
7/17 Yaman ayoli
အသေးစိတ် ဖတ်ရှုရန် Show less
ထိခိုက်ဒဏ်ရာရသူတွေကို ကူညီဖို့ ပြင်ဆင်ထားတဲ့ ကြက်ခြေနီအဖွဲ့
8/17 ထိခိုက်ဒဏ်ရာရသူတွေကို ကူညီဖို့ ပြင်ဆင်ထားတဲ့ ကြက်ခြေနီအဖွဲ့
အသေးစိတ် ဖတ်ရှုရန် Show less
ဗုဒ္ဓဟူးနေ့ ဟောင်ကောင်ဆန္ဒပြမြင်ကွင်း
9/17 ဗုဒ္ဓဟူးနေ့ ဟောင်ကောင်ဆန္ဒပြမြင်ကွင်း
အသေးစိတ် ဖတ်ရှုရန် Show less
တရုတ်အမျိုးသားနေ့အခမ်းအနားကို တက်ရောက်လာတဲ့ ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့
10/17 တရုတ်အမျိုးသားနေ့အခမ်းအနားကို တက်ရောက်လာတဲ့ ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့
အသေးစိတ် ဖတ်ရှုရန် Show less
အင်္ဂါနေ့ ဆန္ဒပြမြင်ကွင်း
11/17 အင်္ဂါနေ့ ဆန္ဒပြမြင်ကွင်း
အသေးစိတ် ဖတ်ရှုရန် Show less
အင်္ဂါနေ့ ဆန္ဒပြမြင်ကွင်း
12/17 အင်္ဂါနေ့ ဆန္ဒပြမြင်ကွင်း
အသေးစိတ် ဖတ်ရှုရန် Show less
ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ ဟောင်ကောင်ကျောင်းသားများ
13/17 ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ ဟောင်ကောင်ကျောင်းသားများ
အသေးစိတ် ဖတ်ရှုရန် Show less
ဒီမိုကရေစီဆိုင်းဘုတ်နဲ့အတူ ဟောင်ကောင်ဆန္ဒပြခေါင်းဆောင်
14/17 ဒီမိုကရေစီဆိုင်းဘုတ်နဲ့အတူ ဟောင်ကောင်ဆန္ဒပြခေါင်းဆောင်
အသေးစိတ် ဖတ်ရှုရန် Show less
အင်္ဂါနေ့ည ဆန္ဒပြမြင်ကွင်း
15/17 အင်္ဂါနေ့ည ဆန္ဒပြမြင်ကွင်း
အသေးစိတ် ဖတ်ရှုရန် Show less
အင်္ဂါနေ့ည ဆန္ဒပြမြင်ကွင်း
16/17 အင်္ဂါနေ့ည ဆန္ဒပြမြင်ကွင်း
အသေးစိတ် ဖတ်ရှုရန် Show less
၂၈ ရက်နေ့က အဓိကရုဏ်းရဲတွေ အသုံးပြုတဲ့ မျက်ရည်ယိုဗုံးနဲ့ ငရုတ်ကောင်း spray နှိမ်နင်းမှုကို ထီးဆောင်းအံတုခဲ့တဲ့ ဆန္ဒပြကျောင်းသားများ
17/17 ၂၈ ရက်နေ့က အဓိကရုဏ်းရဲတွေ အသုံးပြုတဲ့ မျက်ရည်ယိုဗုံးနဲ့ ငရုတ်ကောင်း spray နှိမ်နင်းမှုကို ထီးဆောင်းအံတုခဲ့တဲ့ ဆန္ဒပြကျောင်းသားများ
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

ဒီကနေ့ ဗုဒ္ဓဟူးနေ့ တရုတ်နိုင်ငံ အမျိုးသားနေ့ ကျင်းပနေချိန်မှာပဲ ဟောင်ကောင်မြို့ ရဲ့ အထင်ကရ လမ်းတွေပေါ်မှာ ဟောင်ကောင် ကျောင်းသားတွေနဲ့ ပြည်သူ လူထု ထောင် သောင်းချီ ဆန္ဒပြနေကြပါတယ်။

ဟောင်ကောင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆန္ဒပြပွဲကို ဦးဆောင်လှုပ်ရှားတဲ့ ဟောင်ကောင်ကျောင်းသားတွေကို လုံခြုံရေးရဲတွေဘက်က နှိမ်နင်းခဲ့ပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေမှာ ဟောင်ကောင် ပြည်သူလူထုတွေပါ ပါဝင်လာပြီး ဟောင်ကောင်အုပ်ချုပ်ရေးမှူးနဲ့ ရဲချုပ် နှုတ်ထွက်ပေးဖို့ပါ တောင်းဆိုလာတဲ့အထိ ဆန္ဒပြ အရှိန်အဟုန် ပိုမြင့်တက်သွားတာ ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ ဆန္ဒပြပွဲမှာရောက်ရှိနေတဲ့ ဟောင်ကောင်ရောက် မြန်မာကျောင်းသားတွေကို မေးမြန်းပြီး မဆုမွန်က တင်ပြထားပါတယ်။

တရုတ် ကွန်မြူနစ်နိုင်ငံ ထူထောင်တဲ့ ၆၅ နှစ်ပြည့် နှစ်ပတ်လည် တရုတ်အမျိုးသားနေ့ အခမ်းအနား ဒီကနေ့ ဟောင်ကောင်မှာ ကျင်းပနေချိန်မှာပဲ ဟောင်ကောင်မြို့ရဲ့ အဓိကနေရာကြီး သုံးခုမှာ ဟောင်ကောင် ဒီမိုကရေစီ ပြုပြုင်ပြောင်းလဲရေး ဟောင်ကောင် ကျောင်းသားတွေနဲ့ ဟောင်ကောင်ပြည်သူတွေ ထောင်သောင်းချီပြီး တောင်းဆို ဆန္ဒပြနေကြပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကစလို့ ဟောင်ကောင်မြို့လည်နဲ့ အစိုးရရုံးတွေရှေ့မှာ ပိတ်ဆို့ပြီး ထိုင်သပိတ် ဆင်နွှဲ၊ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ဟောင်ကောင် ကျောင်းသားတွေကို အဓိကရုဏ်း နှိမ်နှင်းရေး ရဲတွေဘက်က ငရုတ်ရည်တွေနဲ့ ပက်ဖြန်း၊ မျက်ရည်ယိုဗုံးတွေ ခွဲပြီး ခေါင်းဆောင်တချို့ကို ဖမ်းဆီး လူစုခွဲခဲ့ပေမဲ့ ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲက ပိုအရှိန်မြင့်လာနေတာ ဖြစ်ပါတယ်။

အခုလက်ရှိ ဆန္ဒပြနေကြတဲ့ ဟောင်ကောင်ကျောင်းသားတွေရဲ့ လှုပ်ရှားမှုတွေအပေါ် ဟောင်ကောင် တက္ကသိုလ်တွေမှာ ပညာသင်ကြားနေတဲ့ မြန်မာကျောင်းသားတချို့လည်း ဆန္ဒပြပွဲတွေမှာ သွားရောက် လေ့လာနေကြပြီး ဒေသစံတော်ချိန် ညနေပိုင်းအထိ ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်း ရဲလုံခြုံရေးတွေကြား အခြေအနေဟာ ငြိမ်းငြိမ်းချမ်းချမ်း ရှိနေဆဲပါပဲလို့ သိရပါတယ်။ ဆန္ဒပြပွဲမှာရောက်ရှိနေတဲ့ ဟောင်ကောင်တက္ကသိုလ်က ကျောင်းသားတဦးဖြစ်တဲ့ ကိုထွဲအောင်ကို ဒီကနေ့ဆန္ဒပြပွဲ အခြေအနေနဲ့ ပတ်သက်ပြီး မေးကြည့်တဲ့အခါမှာတော့ -

“လုံခြုံရေး အခြေအနေကတော့ အရမ်းကို peaceful ဖြစ်ပါတယ်။ ဆန္ဒပြတဲ့သူတွေကလည်း Non-Violence ကို အရမ်းကြီး promote လုပ်ကြတယ်။ ပိုစတာတွေ လိုက်ကပ်ကြတယ်။ ဆန္ဒပြတဲ့သူတွေအားလုံးလည်း ငြိမ်းငြိမ်းချမ်းချမ်းပဲ။ ဒီ Occupy Central က တောင်းဆိုတာကတော့ အဓိကတော့ Universal Suffrage ပေါ့နော်။ One Person, One Vote ပေါ့နော်။ ဒီဟောင်ကောင်မှာရှိတဲ့ Chief Executive ပေါ့နော် Government Structure အရဆိုရင် President လို နေရာယူထားတဲ့ Chief Executive ပေါ့နော် သူ့ကို ဟောင်ကောင်ပြည်သူတွေ လူ ၁ ယောက် မဲ ၁ ခုနဲ့ ရွေးချယ်ခွင့်ရှိရမယ်ဆိုတဲ့ဟာကို တောင်းဆိုကြတာခင်ဗျ။ အဲ့လိုတောင်းဆိုတဲ့အတွက်နဲ့ ဖြစ်လာတဲ့ Movement ဖြစ်တယ် ဒီဟာက။ ဒီ Occupy Central ဆိုတဲ့ Movement က။ အဲဒီ ၂၈ နဲ့ ၂၉ ရက်နေ့မှာ သူတို့ ရဲတွေက Tear Gas တွေသုံးတယ်၊ Pepper Spray တွေ သုံးတဲ့အတွက်ကြောင့်မို့လို့ ဟောင်ကောင်က ပြည်သူတွေက ဒီလို ပြည်သူတွေကို Tear Gas နဲ့ Pepper Spray သုံးရကောင်းလားဆိုပြီး အခုနောက်ဆုံးတောင်းဆိုတာက Chief Executive Resign လုပ်ပေး၊ ပြီးလို့ရှိရင် Police Chief ကလည်း Resign လုပ်ပေးရမယ်။ အဲ့လို တောင်းဆိုနေတယ်ခင်ဗျ။”

အင်္ဂါနေ့မှာတော့ ဟောင်ကောင်ရဲ့ အဓိကကျတဲ့ နေရာသုံးခုမှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ရွက်ဖျင်တဲတွေပါ ထိုးပြီးတော့ စခန်းချဆန္ဒပြနေတာ ဖြစ်ပါတယ်။ ဟောင်ကောင် ကျောင်းသားတွေရဲ့ အကြမ်းမဖက် လှုပ်ရှားမှုဖြစ်တဲ့ "The Umbrella Revolution" ထီးတော်လှန်ရေးလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဟောင်ကောင်ရောက် မြန်မာကျောင်းသား ကိုထွဲအောင်က အခုလို သုံးသပ်ပါတယ်။

“Umbrella Revolution ကျနော်နားလည်သလောက် ပြောရမယ်ဆိုရင်တော့ အဲဒါက အဓိကအချက် ၂ ချက်ရှိတယ်။ အဲ့ဒီဆန္ဒစပြတဲ့နေ့မှာ ရာသီဥတုက အရမ်းပူတဲ့အခါကျတော့ လူတွေ ထီးဆောင်းပြီးမှ ဒီမှာ ဆန္ဒလာပြတာ။ ဖြစ်ချင်တော့ ပထမဆုံးစတဲ့ ၂၈ ရက်နေ့မှာ ရဲတွေက Pepper Spray နဲ့ ပက်တယ်။ ပြီးလို့ရှိရင် Tear Gas နဲ့ပစ်တော့ သူတို့ ခုနတုန်းက နေပူလို့ ဆောင်းဖို့အတွက် ယူခဲ့တဲ့ ထီးက Cover ဖြစ်သွားတာ။ အဲ့ဒီကနေစပြီးမှ Umbrella Revolution ဆိုပြီး စဖြစ်လာတာ။ တကယ်တမ်း Movement ရဲ့နာမည်က Occupy Central ခင်ဗျ။ Central ဆိုတာတော့ ဒီ Occupied Central Love and Peace ဟုတ်တယ်။ ဒီ Occupy Central နှစ်ရက်မြောက်မှာမှ Umbrella Movement, Umbrella Revolution ဆိုပြီးတော့မှ သူတို့က အဲ့လိုမျိုး ပြောကြတာ။”

ဟောင်ကောင်ကျောင်းသားတွေရဲ့ ဆန္ဒပြမှုတွေ ရပ်ပစ်ဖို့နဲ့ အာဏာဖီဆန်မှုတွေကို အဆုံးသတ်ဖို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူးက သတိပေးပြောကြားနေပေမဲ့ ဟောင်ကောင်မြို့လည်က အထင်ကရ နေရာတွေကို ဟောင်ကောင်ကျောင်းသားတွေ ပိတ်ဆို့ဆန္ဒပြနေကြဆဲ ဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေကို မြန်မာကျောင်းသားတွေ သွားပြီးတော့ လေ့လာတဲ့အခါမှာတော့ ဟောင်ကောင်ကျောင်းသားတွေရဲ့ စည်းကမ်းတကျ ဆန္ဒပြတဲ့ အမူအကျင့်ဟာ လေးစားစရာဖြစ်တယ်လို့ သူ့အမြင်ပြောပြပါတယ်။

“ဒီဟောင်ကောင်က ကျောင်းသားတွေ ကျနော်မြင်သလောက်ဆိုရင် တကယ်လည်း ဇွဲရှိကြပါတယ်။ ကျနော် အရမ်းကို အံ့သြမိပါတယ်။ ဒီကကျောင်းသားတွေ စည်းကမ်းရှိမှု၊ စည်းကမ်းလိုက်နာမှု၊ မြို့ကြီးသား ပီသမှုပေါ့နော်။ သူတို့အခုဒီ ဆန္ဒပြတဲ့ လူတွေကို ပေးဖို့အတွက် Mask တွေ သူတို့သေချာ ပြင်ဆင်ထားတယ်။ ပြီးလို့ရှိရင် ရေသန့်ဗူးတွေ၊ ရေသန့်ဗူးတောင်မှ ရေခဲစိမ်ထားတဲ့ ရေသန့်ဗူးတွေ။ ပြီးလို့ရှိရင် စားစရာမုန့်တွေ သူတွေ့သေချာ ပြင်ဆင်ထားတယ်။ First Aid ရှိတယ်၊ ပြီးလို့ရှိရင် သူတို့ဒီ အရေးတကြီး ဝင်လာလို့ရတဲ့ လမ်းတလမ်း ဖွင့်ထားပေးတယ်။ Ambulance အတွက်ပေါ့နော်။ တကယ်လို့ Ambulance က သေရေးရှင်ရေး ရှိတယ်ဆိုရင် ဝင်လာလို့လွယ်အောင် အဲဒါတွေ သေချာလုပ်ထားတယ်ခင်ဗျ။ နောက်တခုက သူတို့ရဲ့ Non-violence ကို promote လုပ်တဲ့ဟာပေါ့နော်။ လူအဲဒီလောက် သောင်းချီပြီး ဒီမှာ ဆန္ဒပြတဲ့ဟာကို ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ဆိုင်ခန်းတွေ၊ ဘာပစ္စည်းတွေကိုမှ ဖျက်လိုဖျက်ဆီး မလုပ်ကြဘူးခင်ဗျ။ အဲဒါကတော့ Non-violence ကို Peacefully Protest လုပ်တဲ့ဟာ တခုပေါ့နော်။ သူတို့က အမှိုက်ကိုတောင်မှ ဆန္ဒပြတဲ့ သူတွေကပဲ လိုက်သိမ်းတယ်၊ လိုက်ကောက်တယ်။ အမှိုက်ကို ကောက်ပြီးမှ စနစ်တကျ တနေရာမှာ စွန့်ပစ်ထားတယ်။ အဲဒီလိုမျိုး အမှိုက်ပစ်တဲ့ နေရာမှာပေါ့နော်။ ပလပ်စတစ် ဆိုလို့ရှိရင် ပလပ်စတစ်၊ စာရွက်ဆိုလို့ရှိရင် စာရွက်ပေါ့နော် Recycle တွေလုပ်လို့ရတဲ့ အမှိုက်ပုံးတွေ သပ်သပ် အဲဒီလို ခွဲပေးထားတယ်ခင်ဗျ။ သူတို့ရဲ့ မြို့ကြီးသား ပီသမှု၊ ဒါကတော့ တကယ်ကို လေးစားဖို့ ကောင်းပါတယ်ခင်ဗျ။”

ဗြိတိသျှကိုလိုနီဖြစ်ခဲ့တဲ့ ဟောင်ကောင်မှာ ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါ လွတ်လပ်ပြီး တရားမျှတတဲ့ ဗဟိုချုပ်ကိုင်မှုကင်းတဲ့ ရွေးချယ်မှုဖြစ်ရေး ဟောင်ကောင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ တရုတ်အာဏာပိုင်တွေကို တောင်းဆိုတဲ့ “Occupy Central Movement” လှုပ်ရှားမှုကို ဟောင်ကောင်ကျောင်းသားတွေက ပြီးခဲ့တဲ့သီတင်းပတ်က စတင်လိုက်တာ ဖြစ်ပါတယ်။

​
XS
SM
MD
LG