သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ဆန္ဒပြသူတွေ အစိုးရရုံးသိမ်းဖို့ ခြိမ်းခြောက်


ဟောင်ကောင်မှာ တမြို့လုံး နေရာအများအပြားကို လွှမ်းမိုးထားတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေဟာ အရှိန်ဟုန် မြင့်လာနေပြီး၊ ဟောင်ကောင် အုပ်ချုပ်ရေးမှူးအနေနဲ့ ရာထူးကဆင်းမပေးဘူးဆိုရင် ကျောင်းသားတွေက အစိုးရရုံးတွေကို သိမ်းပိုက်ရလိမ့်မယ်လို့ သတိပေးထားပါတယ်။

ဟောင်ကောင်အုပ်ချုပ်ရေးမှူး Lauang Chun-ying အနေနဲ့ ဒီကနေ့ ကြာသာပတေးနေ့ မကုန်ခင် ရာထူးက နှုတ်ထွက်ပေးရမယ်လို့ ဆန္ဒပြသူတွေက ဗုဒ္ဓဟူးနေ့မှာ ရာဇသံပေး တောင်းဆိုလိုက်တာပါ။ ရာထူးကနေ ဆင်းမပေးဘူးဆိုရင် အဆောက်အဦးတွေကို တိုက်ခိုက် သိမ်းပိုက် ရလိမ့်မယ်လို့လည်း ပြောပါတယ်။

ခြိမ်းခြောက်တောင်းဆိုထားချက်နဲ့ ပတ်သက်ပြီး ဆန္ဒပြတဲ့ အဖွဲ့တွေအကြား အပြည့်အ၀ သဘောတူညီထားခဲ့ကြရာမှာ ကွဲပြားမှုတွေ ရှိနေပြီလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဟောင်ကောင်အုပ်ချုပ်ရေးမှူး Leung က ဆန္ဒပြသူတွေအပေါ် အင်အားသုံး ဖြိုခွင်းဖို့ကို မလိုလားဘူးဆိုတဲ့ သတင်း ထွက်လာပြီးတဲ့နောက်မှာ အခြေအနေတွေက ဝိုးတိုးဝါးတား ဖြစ်နေပါတယ်။ မစ္စတာ Leung အနေနဲ့ အချိန်ကိုစောင့်နေပြီး ဆန္ဒပြမှုတွေဟာ အကြမ်းဖက်တဲ့ အခြေအနေထိ မရောက်ဘဲ၊ လျော့ကျသွားလိမ့်မယ်လို့ မျှော်လင့်ထားတယ်ဆိုတဲ့ သတင်းတွေ အနှံ့အပြားမှာ ထွက်ပေါ်နေပါတယ်။

မစ္စတာ Leung ဟာ ဆန္ဒပြခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ကိစ္စကိုကော၊ ရာထူးကနေ ဆင်းပေးဖို့ ကိစ္စကိုပါ ငြင်းပယ်ထားပါတယ်။

XS
SM
MD
LG