သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ဆန္ဒပြပွဲ အရှိန်လျော့ကျ


ဟောင်ကောင်က အစိုးရရုံးချုပ် တည်ရှိရာမှာ ပိတ်ဆို့ပြီး သီတင်းတပတ်ကျော်ပြီဖြစ်တဲ့ ဆန္ဒပြပွဲတွေ အရှိန်လျော့ကျသွားတဲ့အလျောက် အစိုးရရုံးဝန်ထမ်းတွေ အလုပ်ခွင်ကို ပြန်လာကြပါပြီ။ ရုံးတက်လာကြသူတွေကို ဆန္ဒပြသူတွေက မတားဆီးဘဲ အရံအတားတွေကနေ ဖြတ်သန်းခွင့် ပြုပါတယ်။

မနေ့ညမှာပဲ ဆန္ဒပြသူအရေအတွက် ရာဂဏန်းအထိ ထိုးကျသွားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကတော့ လူထောင်သောင်းချီ လမ်းမတွေပေါ်မှာ နေရာယူထားခဲ့ပြီး ရဲတွေနဲ့လည်း မကြာခဏဆိုသလို ထိပ်တိုက် တွေ့ခဲ့တာပါ။ ကျောင်းတွေ၊ အစိုးရရုံးတွေ ပြန်ဖွင့်လှစ်နိုင်အောင် အာဏာပိုင်တွေက ဒီတနင်္လာနေ့ကို နောက်ဆုံးထားပြီး ဆန္ဒပြသူတွေ ဖယ်ပေးဖို့ ပြောထားပါတယ်။

ဆန္ဒပြသူတွေကလည်း မြို့လည်က အစိုးရရုံးချုပ်နေရာမှာ ပိတ်ဆို့ထားတဲ့ အရံအတားတချို့ကို တနင်္ဂနွေနေ့ထဲက ဖယ်ရှားပေးခဲ့ပြီး ထွက်ခွာသွားခဲ့တာပါ။ တချို့ကတော့ ဒါကိုသဘောမတူဘဲ ဆက်နေရာယူထားဖို့ ဆုံးဖြတ်ထားပါတယ်။

ကျောင်းသားတွေနဲ့ ဆွေးနွေးညှှိနှိုင်းဖို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး Leung Chun- ying အရင်တပတ်မှာ ခန့်အပ်ခဲ့တဲ့ ဟောင်ကောင် အတွင်းဝန်ချုပ် Carrie Lam နဲ့ တရားဝင် ဆွေးနွေးမှု လုပ်ဆောင်နိုင်ဖို့ ဆန္ဒပြကျောင်းသားခေါင်းဆောင်တွေ အစိုးရအရာရှိတွေနဲ့ စကားပြောနေတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG