သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ဆန္ဒပြသူတွေကို ရဲအင်အားသုံး ဖယ်ရှား


ဟောင်ကောင်အစိုးရဌာနချုပ် အပြင်ဘက်က အဓိကကျတဲ့ နေရာတွေမှာရှိတဲ့ ဆန္ဒပြသူတွေကို ရဲက ဖယ်ရှားနေပါတယ်။ ဆန္ဒပြသူတွေ ကာရံထားတဲ့ အတားအဆီးတွေကို ဒီကနေ့မနက် အစောပိုင်းတုန်းက ရဲတွေက စက်ကိရိယာတွေကို သုံးပြီး ဖယ်ရှားနေစဉ်မှာပဲ ဆန္ဒပြသူ အများအပြား အဖမ်းဆီးခံရပြီး သူတို့တွေကို ခေါ်ဆောင်သွားခဲ့ကြပါတယ်။

အင်္ဂါနေ့ နှောင်းပိုင်းတုန်းကတော့ ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက် ရင်ဆိုင်မှု အနည်းငယ် ဖြစ်ပွားခဲ့ပြီး ကျောင်းသားတွေဟာ ဟောင်ကောင်အစိုးရ အဆောက်အဦးရှေ့က မြေအောက်လမ်းထဲကို ထွက်ပြေးသွားခဲ့ပါတယ်။

အဲဒီကျောင်းသားတွေကို ဖယ်ရှားဖို့ ရဲတွေက နောက်ကလိုက်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ကျောင်းသားတွေ အဲဒီနေရာမှာ အဝိုင်းခံခဲ့ရအပြီး ပြန်လည် ဆုတ်ခွာခဲ့ရပါတယ်။

ကျောင်းသားတွေအနေနဲ့ ဆက်နေလို့ရပေမဲ လမ်းတွေကိုပိတ်တာ မလုပ်ရဘူးလို့ ရဲတွေက ပြောပါတယ်။ ဟောင်ကောင် ကျောင်းသားတဦးဖြစ်သူ Alex Chow က သူတို့အနေနဲ့ အလျှော့ပေးမှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။

XS
SM
MD
LG