သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ရဲလက်စွမ်း နိုင်ငံတကာရှုတ်ချ


ဟောင်ကောင်မှာ လက်နက်မပါတဲ့ ဆန္ဒပြသူတဦးကို လက်ထိတ်ခတ်ထားပြီး ရဲတွေက ရိုက်နှက်နေတာကို ရိုက်ယူထားတဲ့ ဗွီဒီယို ထွက်လာပြီးတဲ့နောက် လူ့အခွင့်အရေးအဖွဲ့တွေက ပြစ်တင် ရှုတ်ချနေကြပါတယ်။ အစိုးရရုံးချုပ်နား အဓိကကျတဲ့ လမ်းမကြီးတခုမှာ ပိတ်ဆို့ထားတဲ့ ဆန္ဒပြသူတွေကို ဗုဒ္ဓဟူးနေ့မှာ ရဲတွေက ရှင်းဖို့ကြိုးစားရင်း အဲဒီဖြစ်ရပ် ဖြစ်တာပါ။

အရပ်ဝတ်လုံခြုံရေး ၆ ယောက်က လူမှုဖူလုံရေးဝန်ထမ်းတဦးကို မှောင်နေတဲ့ အဆောက်အဦးတခုရဲ့ ဝင်ပေါက်ရှေ့ ဆွဲခေါ်သွားပြီး ၄ မိနစ်ကြာ အကြိမ်ပေါင်းများစွာ ကန်ကျောက် ထိုးကျိတ်နေတာကို ရိုက်ယူထားတဲ့ ဗွီဒီယိုကို ဟောင်ကောင် ရုပ်သံလွှင့်သတင်းဌာန TVB က ထုတ်လွှင့်ပြသပါတယ်။

အဲဒီဖြစ်ရပ်မှာပါတဲ့ လုံခြုံရေးတွေကို တခြားတာဝန် ပြောင်းချထားပြီး ဖြစ်ရပ်ကို စုံစမ်း စစ်ဆေးနေတယ်လို့ ဟောင်ကောင် လုံခြုံရေးအကြီးအကဲ Lai Tung-kwok က သတင်းထောက်တွေကို ပြောပါတယ်။ ရဲတပ်ဖွဲ့ကို အန္တရာယ်မပြုနိုင်တဲ့ ထိန်းသိမ်းခံတဦးအပေါ် ရက်ရက်စက်စက် တိုက်ခိုက်တာလို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ AI က ခေါ်ဆိုပြီး ဖြစ်ရပ်မှာပါဝင်တဲ့ လုံခြုံရေးတွေကို အရေးယူဖို့ ကြေညာချက်တခု ထုတ်ပြီး တောင်းဆိုထားပါတယ်။

အာရှလူ့အခွင့်အရေး ကော်မရှင်ကလည်း အဲဒီဖြစ်ရပ်အပေါ် ထိတ်လန့် ကြေကွဲမိတယ်လို့ပြောပြီး အဲဒီလုံခြုံရေးတွေကို ဖမ်းဆီးပြီး တော့ ဖြစ်နိုင်သမျှအမြန်ဆုံး ဥပဒေအရစီရင်ဖို့ တောင်းဆိုထားပါတယ်။

XS
SM
MD
LG