သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်မြို့လယ် ဆန္ဒပြပွဲ ပြန်ဖြစ်


သောကြာနေ့က ပြန်စတဲ့ ဆန္ဒပြပွဲ။ (အောက်တိုဘာ ၁၇၊ ၂၀၁၄)
သောကြာနေ့က ပြန်စတဲ့ ဆန္ဒပြပွဲ။ (အောက်တိုဘာ ၁၇၊ ၂၀၁၄)

ဟောင်ကောင်မှာ ရဲတွေနဲ့ ဆန္ဒပြတဲ့သူတွေ ထိပ်တိုက်တွေ့ခဲ့ကြပြီးတော့ ရဲ ၃ ယောက် ဒဏ်ရာရသွားခဲ့တယ် လို့ ဟောင်ကောင် အာဏာပိုင်တွေ က ပြောပါတယ်။ သောကြာနေ့ အစောပိုင်းက ရဲတွေ သိမ်းယူခဲ့တဲ့နေရာ ကို ပြန်ရောက် လာတဲ့ ဆန္ဒပြတဲ့သူတွေကို ရဲတွေက ထိန်းချုပ်ဖို့ ကြိုးစားစဉ် အဲဒီလို ဒဏ်ရာရသွားခဲ့တာဖြစ်ပါတယ်။

သောကြာနေ့ညနေမှာတော့ - Mong Kok ဒေသနေရာ တချို့ကို ပြန်သိမ်း ယူဖို့ကြိုးစားခဲ့တဲ့ ဆန္ဒပြတဲ့သူတွေကို ဟောင်ကောင် အာဏာပိုင်တွေဘက်က ငရုတ်ရည်တွေ နဲ့ နံပါတ်တုတ်တွေသုံးပြီးတော့ နှိမ်နှင်းခဲ့ပါတယ်။

အဲဒီမှာ စောင့်ကြည့်နေသူတွေရဲ့ အဆိုအရတော့၊ ရဲတွေက ဆန္ဒပြတဲ့သူတွေကို ရိုက်နှက်ခဲ့တာကြောင့် ဆန္ဒပြတဲ့သူတွေ ဒါဇင်နဲ့ချီ အလဲလဲအပြို ပြို ဖြစ်ပြီးတော့ ရဲတွေက အဲဒီလူတွေကို သယ်သွားခဲ့တယ်လို့ဆိုပါတယ်။ ရဲက အဲဒီလို သယ်သွားတဲ့ အထဲမှာ ဘန်ကောက်အခြေစိုက် ဓါတ်ပုံသတင်းဌာနက ဓါတ်ပုံသမား တစ်ယောက်လည်း ပါသွားတယ်လို့ အေပီသတင်းက ဆိုပါတယ်။

Mong Kok ဒေသဟာ ဟောင်ကောင်က အဓိက ဆန္ဒပြနေတဲ့ စီးပွားရေး အချက်အခြာ ဇုံရဲ့ တဘက်ကမ်းက အသေးစား ဆန္ဒပြနေတဲ့ နေရာ တခုဖြစ်ပါတယ်။ အဲဒီနေရာဟာ ဟောင်ကောင်မှာ ဈေးဆိုင်တွေနဲ့ လူဦးရေ အထူထပ်ဆုံးနေရာလည်းဖြစ်ပါတယ်။

XS
SM
MD
LG