သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ရဲနဲ့ ဆန္ဒပြသူတွေ ရုန်းရင်းဆန်ခတ် ထပ်ဖြစ်


ရုန်းရင်းဆန်ခတ်ဖြစ်နေသည့် ဟောင်ကောင် ဆန္ဒပြသူတွေနှင့် ရဲတပ်ဖွဲ့။ စက်တင်ဘာလ ၃၊ ၂၀၁၄။
ရုန်းရင်းဆန်ခတ်ဖြစ်နေသည့် ဟောင်ကောင် ဆန္ဒပြသူတွေနှင့် ရဲတပ်ဖွဲ့။ စက်တင်ဘာလ ၃၊ ၂၀၁၄။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ပူစပ်ပူလောင်ဖြစ်စေတဲ့ အရည်တွေသုံးပြီး ဆန္ဒပြသူတွေ ကို နှိမ်နင်းခဲ့ချိန်ကတည်းကဆိုရင် အခုတခု အဓိကရုဏ်းထပ်ဖြစ်တာပါ။

စီးပွားရေးအချက်အခြာနေရာက အစိုးရ အဆောက်အဦးတခုနားမှာ ဆန္ဒပြသူတွေချထားတဲ့ အတားအဆီးတခုကို ရဲတပ်ဖွဲ့က အတင်းဖြိုဖျက်ပြီး ဝင်ရောက်တာကို CNN ရုပ်သံသတင်းဌာနရဲ့ ထုတ်လွှင့်ချက်တွေ မှာ တွေ့ရပါတယ်။ ဒဏ်ရာရတယ်ဆိုတဲ့ သတင်းတွေကိုတော့ မရသေး ပါဘူး။

အစိုးရအဆောက်အဦးတွေကို ဆန္ဒပြသူတွေက သိမ်းပိုက်ဖို့ ကြိုးစားမယ်ဆိုရင် ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ ကြုံရမယ်လို့ ရဲ တပ်ဖွဲ့က သတိပေးထားပါတယ်။

ဟောင်ကောင်ရဲ့ အစည်ကားဆုံး လမ်းတချို့မှာ ဆန္ဒပြသူ ထောင်ပေါင်းများစွာက သီတင်းတပတ်ကျော်ကြာ နေရာယူထားတဲ့ အတွက် ယာဉ်သွားယာဉ်လာတွေနဲ့ စီးပွားရေးလုပ်ဆောင်မှုတွေ ရပ်ဆိုင်းနေပါတယ်။ ၂၀၁၇ ခုနှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲ တွေကို တရုတ်အစိုးရက ဒီမိုကရေစီနည်းကျ ကျင်းပပေးဖို့နဲ့ တရုတ်လိုလားတဲ့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး C Y Leung ရာထူး ကနေ နှုတ်ထွက်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေပါတယ်။

XS
SM
MD
LG