သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ဆွေးနွေးပွဲ အင်္ဂါနေ့ စတင်ဖွယ်ရှိ


ဟောင်ကောင်ကျွန်း၊ Mong Kok အရပ်တွင် လက်ဖြစ် အတားအဆီးများ ကို စောင့်ကျပ်နေသည့် ဆန္ဒပြသူများ။ အောက်တိုဘာလ ၁၈၊ ၂၀၁၄။
ဟောင်ကောင်ကျွန်း၊ Mong Kok အရပ်တွင် လက်ဖြစ် အတားအဆီးများ ကို စောင့်ကျပ်နေသည့် ဆန္ဒပြသူများ။ အောက်တိုဘာလ ၁၈၊ ၂၀၁၄။

ဟောင်ကောင်ကျွန်းမှာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေနဲ့ ဆွေးနွေးပွဲတွေ အင်္ဂါနေ့မှာ စတင်ဖွယ်ရှိတယ်လို့ အစိုးရက ပြောပါတယ်။ ကျွန်းရဲ့ ဒေသတချို့မှာ လုပ်ငန်းတွေနဲ့ သွားရေးလာရေးတွေ ရပ်ဆိုင်းနေရတဲ့ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ အကြား ရုန်းရင်းဆန်ခတ်ဖြစ်တာတွေ ရက်အတော်ကြာ ရှိပြီးတဲ့နောက် အခုလိုပြောလိုက်တာပါ။

အင်္ဂါနေ့ဟာ အစိုးရက ဟောင်ကောင်ကျောင်းသားများ အဖွဲ့ချုပ်ကို ပေးထားတဲ့ သုံးရက်ထဲက အစောဆုံးနေ့ဖြစ်တယ်လို့ ဟောင်ကောင် အစိုးရအတွင်းဝန်ချုပ် Carrie Lam က ပြောပါတယ်။ ဆွေးနွေးပွဲတွေအတွက် ပြင်ဆင်တာမှာ အလားအလာ ကောင်းတဲ့ တိုးတက်မှုတွေ ရထားပြီလို့ သူကဆိုပါတယ်။

ဆန္ဒပြခေါင်းဆောင်တွေနဲ့ ဆွေးနွေးပွဲတွေပြန်စဖို့ နည်းလမ်းရှာနေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး Leung Chun-ying ကပြောပါသေးတယ်။ ဒီလအစောပိုင်းမှာ ဆွေးနွေးပွဲတွေလုပ်ဖို့ စီစဉ်ပေမယ့် အစိုးရက ဖျက်သိမ်းလိုက်တာ ပါ။

မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရေးဆိုင်ရာနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ သူလမ်းဖွင့်ထားတယ်လို့ Leung ကပြောပါတယ်။ ဒါပေမဲ့ လည်း ၂၀၁၇ ခုနှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲတွေအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်တာနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက် ကို ပြင်မှာမဟုတ်သလို ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ နောက်ထပ် ပြဌာန်းချက်တွေလည်း လုပ်မှာမဟုတ်ဘူးလို့ တရုတ်ကွန်မြူနစ်ပါတီ အာဏာပိုင်တွေက ပြောထားပါတယ်။

XS
SM
MD
LG