သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး ပြဿနာတွေ ကြုံခဲ့ရတဲ့အပေါ် ဟောင်ကောင် အုပ်ချုပ်ရေးမှူး တောင်းပန်


ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam (ဇွန်၊ ၁၈၊ ၂၀၁၉)
ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam (ဇွန်၊ ၁၈၊ ၂၀၁၉)

ရာဇဝတ်ပြစ်မှုနဲ့ သံသယရှိသူတွေ တရုတ်ပြည်မကြီးမှာ အမှုရင်ဆိုင်ဖို့ လွှဲပြောင်းပေးရမယ့် ဥပဒေမူူကြမ်းကို ကန့်ကွက် ဆန္ဒပြတာတွေကနေ နိုင်ငံရေးအကျပ်အတည်းနဲ့ မတည်မငြိမ်ဖြစ်လာတဲ့ပေါ် ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam က ဒီကနေ့ တောင်းပန်စကား ပြောပါတယ်။

ဒါပေမယ့်လည်း ဒီဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ကိုင်တွယ် လုပ်ဆောင်ပုံကြောင့် ရာထူးက နုတ်ထွက်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုထားတာကိုတော့ မလိုက်လျောပါဘူး။

ဥပဒေမူူကြမ်း နောက်နှစ် ဇူလိုင်လမှာ သက်တမ်းကုန်တဲ့အထိ လုပ်ဆောင်စရာတွေ ပြီးဆုံးသွားပြီလို့ Carrie Lam က သတင်း ထောက်တွေကို ပြောပေမယ့် သူ့ရဲ့ ရာထူးသက်တမ်း ကုန်ဆုံးတဲ့အထိ ဆက်နေသွားမယ်လို့ အခိုင်အမာ ပြောပါတယ်။

သဘောထားတွေကို ရှင်းရှင်းလင်းလင်း ကြားသိတဲ့အကြောင်းနဲ့ ဖြစ်ပျက်ခဲ့သမျှ အားလုံးအပေါ် အလေးအနက် စဉ်းစားသုံးသပ်ခဲ့တယ်လို့ Lam က ပြောပါတယ်။ ဒီဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ဖြစ်တဲ့ကိစ္စတွေအတွက် တာဝန်ခံမှု အများစုကို သူကိုယ်တိုင်ခံယူပါတယ်လို့လည်း ဆိုပါတယ်။

“ဟောင်ကောင်ကို ကျမ လှိုက်လှိုက်လှဲလှဲ ရိုးသားစွာ တောင်းပန်ပါတယ်။” လို့ Carrie Lam က ပြောသွားပါတယ်။

ဥပဒေမူကြမ်းကို ကန့်ကွက်နေသူတွေက ဒီလအတွင်း ဆန္ဒပြပွဲကြီးတွေ အကြိမ်ကြိမ် လုပ်ခဲ့ကြတာပါ။ တနင်္ဂနွေနေ့က ဆန္ဒပြပွဲမှာ လူ နှစ်သန်း ပါဝင်တယ်လို့ စီစဉ်သူတွေက ပြောပါတယ်။

ဒီ အတောအတွင်းမှာပဲ ဆန္ဒပြသူတွေကို ထောက်ခံတဲ့အကြောင်း အမေရိကန်ပြည်ထောင်စုက တနင်္လာနေ့မှာ ထပ်ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG