သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင် ဘဏ္ဍာရေးစနစ် ကမ္ဘာမှာ အဆင့်အမြင့်ဆုံး


ဟောင်ကောင် ဘဏ္ဍာရေးစနစ် ကမ္ဘာမှာ အဆင့်အမြင့်ဆုံး

ဟောင်ကောင်ဟာ ကမ္ဘာ့စီးပွားရေးစနစ် အဖွံ့ဖြိုးဆုံးစာရင်းမှာ ထိပ်ဆုံးကိုရောက်ခဲ့တဲ့ ပထမဆုံးသော အာရှဒေသ ဖြစ်လာခဲ့ပါတယ်။ အာမခံလိုမျိုး ဘဏ်လုပ်ငန်းနဲ့ မသက်ဆိုင်တဲ့ ဘဏ္ဍာရေး ၀န်ဆောင်မှု လုပ်ငန်းတွေမှာ အကောင်းဆုံး အသိအမှတ်ပြုခံရမှုနဲ့ ဟောင်ကောင်ရဲ့ အဆင့်အတန်းဟာ တက်လာခဲ့တာ ဖြစ်တယ်လို့ ကမ္ဘာ့စီးပွားရေးဆိုင်ရာ အဖွဲ့ကြီးဖြစ်တဲ့ World Economic Forum ရဲ့ အင်္ဂါနေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။

လွန်ခဲ့တဲ့ ၄ နှစ်က ဂျနီဗာအခြေစိုက် အစိုးရမဟုတ်တဲ့ NGO အဖွဲ့ကနေ ဒီလို စစ်တမ်းကောက်ယူမှုတွေ စတင်ချိန်ကစလို့ အမြဲတမ်း ထိပ်ဆုံးမှာ ရှိနေခဲ့ကြတဲ့ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့ဟာ နံပါတ်တစ် အဆင့်ကနေ ကျသွားခဲ့တာဟာ ဒါ ပထမဦးဆုံးလည်းဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ နံပါတ်နှစ် အဆင့်ကို
ကျဆင်းသွားပေမဲ့ သူ့ရဲ့ စုစုပေါင်း ရမှတ်ကိုတော့ ထိန်းထားနိုင်ခဲ့တာပါ။

ဗြိတိန်နိုင်ငံကတော့ လုံခြုံမှုရှိအောင် ဆောင်ရွက်တာတွေနဲ့ ကနဦး လူထုဝန်ဆောင်မှု လုပ်ငန်းတွေမှာ ကျဆင်းသွားမှုတွေကြောင့် သူ့ရဲ့ စုစုပေါင်းရမှတ်ဟာလည်း ကျသွားခဲ့ပြီး နံပါတ်သုံး အဆင့်ကို ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

တကယ်လို့သာ အနောက်အုပ်စု နိုင်ငံတွေရဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေအနေနဲ့ ဒီအတိုင်းဆက်သွားရင် သူတို့ရဲ့ ရေရှည် ဦးဆောင်မှုအပိုင်းကို ထိခိုက်ကောင်း ထိခိုက်လာနိုင်တယ်ဆိုတဲ့အချက်ကို ဒီအစီရင်ခံစာက သတိပေးလိုက်တဲ့ သဘောပဲလို့ ကမ္ဘာ့ စီးပွားရေးဆိုင်ရာ အဖွဲ့ကြီးရဲ့ အရာရှိတွေက ဆိုခဲ့ပါတယ်။

နဂိုကတည်းက ထိပ်ဆုံး ၁၀ ခုစာရင်းမှာ ပါဝင်ပြီးသားဖြစ်တဲ့ စင်္ကာပူ၊ သြစတြေးလျားနဲ့ ဂျပန် နိုင်ငံတွေကတော့ သူတို့ရဲ့ အဆင့်ကို ဒီအတိုင်း ဆက်ထိန်းထားပြီး ဟောင်ကောင်ကတော့ အဆင့် ၃ ဆင့်အထိကို ခုန်ကျော်ပြီးတော့ ထိပ်ဆုံးကို ရောက်သွားခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားအပါအ၀င် တခြား အာရှနိုင်ငံ တော်တော်များများဟာလည်း ကမ္ဘာ့စီးပွားရေးစနစ် အဖွံ့ဖြိုးဆုံးရဲ့ ထိပ်ဆုံး ၆၀ စာရင်းမှာ ခုန်တက်သွားခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG