ဟောင်ကောင်ကျွန်း Cheung Chau (ချန်ကြောင့်) မြို့က နာမည်ကြီး ပေါက်စီလုပွဲတော်ကြီးကို ကိုဗစ်ကြောင့် ၃ နှစ်နားခဲ့ရာက၊ ဒီနှစ်မှာ အပြည့်အဝ ပြန်လည်ကျင်းပပါတယ်။ ပေ ၆၀ လောက်အမြင့် တိုင်ကြီးပေါ်မှာကပ်ထားတဲ့ ပေါက်စီတွေကို အပြိုင်တက်ပြီး ပေါက်စီ အများဆုံးလုကြတဲ့ပွဲတော်ကို ချန်ကြောင့်ကျွန်းမြို့လေးမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်ထဲက ကျင်းပလာခဲ့ကြတာပါ။
မုန့်အပြိုင်လုကြသူတွေဟာ အမြင့်ဆုံးရောက်အောင် တွယ်တက်တဲ့ တချိန်ထဲမှာပဲ ခါးနောက်ချီထားတဲ့ အိတ်တွေထဲကို ပေါက်စီတွေ အများဆုံးရအောင်လုပြီး ထည့်ကြရတာကို ပရိတ်သတ်တွေကလည်း အောက်ကနေ သောင်းသောင်းဖျဖျ အားပေးကြပါတယ်။
Ceung Chau ချန်ကြောင့် ပေါက်စီလု ပွဲတော်ဆီကို ဟောင်ကောင်ဒေသခံတွေ၊ ကမာ္ဘလှည့်ခရီးသည်တွေ ထောင်နဲ့ချီ တကူးတက လာကြလေ့ရှိပါတယ်။ ပွဲတော်မှာ ပေါက်စီလုပွဲအပြင် မြိ့ထဲလမ်းတွေမှာ အလှပြ စီတန်းလှည့်လည်ပွဲတွေကိုလည်း လုပ်ကြပါတယ်။