သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်သင်္ဘော တိုက်မှု ရေယာဉ်ဝန်ထမ်း ၆ ဦးကို အရေးယူ


လမ်မာကျွန်းနားမှာ နစ်သွားသော သင်္ဘေပေါ်မှ အသက်ရှင်ကျန်ရစ်သူတွေကို ကူးတို့ယာဉ်ဖြင့် ကယ်ဆယ်နေစဉ်။ (အောက်တိုဘာ ၂ ရက်၊ ၂၀၁၂။)
လမ်မာကျွန်းနားမှာ နစ်သွားသော သင်္ဘေပေါ်မှ အသက်ရှင်ကျန်ရစ်သူတွေကို ကူးတို့ယာဉ်ဖြင့် ကယ်ဆယ်နေစဉ်။ (အောက်တိုဘာ ၂ ရက်၊ ၂၀၁၂။)
Hong Kong မှာ လူအနည်းဆုံး (၃၇) ဦး သေဆုံးသွားရတဲ့ သင်္ဘော (၂) စင်း တိုက်မိတာကနေ အသက်ရှင် ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးသမားတွေ ဆက်လက်ရှာဖွေနေတဲ့အချိန်မှာပဲ ရဲကတော့ အဲဒီ သင်္ဘောတွေ က ရေယာဉ်ဝန်ထမ်း (၆) ဦးကို ဖမ်းဆီးလိုက်ပါတယ်။

ပင်လယ်ပြင်မှာ အများပြည်သူရဲ့အသက်ကို အန္တရာယ်ဖြစ်စေတဲ့အတွက် သူတို့ကို စုံစမ်းစစ်ဆေးနေ တာ ဖြစ်တယ်လို့ ရဲအရာရှိတွေက ပြောပေမယ့် ဆယ်စုနှစ်ပေါင်း တော်တော်ကြာ ကာလ အတွင်း ဟောင်ကောင်သမိုင်းမှာ အဆိုးရွားဆုံး ဒီရေကြောင်းထိခိုက်မှုနဲ့ ပတ်သတ်လို့ ပိုပြီး အသေးစိတ် မပြောပြပါဘူး။ တခြား ခရီးသည်တင် သင်္ဘောတစ်စင်းနဲ့ Hong Kong လျှပ်စစ်စွမ်းအင် ကုမ္ပဏီပိုင် သင်္ဘောတို့ တိုက်မိခဲ့ပြီး မိနစ်ပိုင်းအတွင်းမှာပဲ လျှပ်စစ်စွမ်းအင် ကုမ္ပဏီပိုင်သင်္ဘော နစ်သွား ခဲ့တာ ဖြစ်ပါတယ်။

သင်္ဘောပေါ်မှာတော့ အားလပ်ရက် မီးရှူးမီးပန်း ပစ်ဖောက်တာကိုကြည့်မယ့် ကုမ္ပဏီဝန်ထမ်း (၁၂၀) နဲ့ မိသားစုဝင်တွေ လိုက်ပါလာကြတာပါ။ ဘယ်သူတွေ ပျောက်ဆုံးနေလဲ သိရအောင် အသက်ရှင် ကျန်ရစ် သူတွေကို ရဲက မေးမြန်းနေတဲ့အချိန်မှာပဲ ဆေးရုံတွေ ရင်ခွဲရုံတွေမှာတော့ ပျောက်ဆုံးနေတဲ့ ကိုယ့် မိသားစု ဝင်တွေကို အသည်းအသန်လိုက်ရှာနေကြတဲ့သူတွေလည်း များပါတယ်။

ဘာ့ကြောင့် ဒီလို သင်္ဘော ထိခိုက်မှု ဖြစ်ရသလဲ ရှင်းရှင်းလင်းလင်း မသိရပေမယ့် အခင်းဖြစ်ပွားချိန်မှာ ရာသီဥတုက ကြည်ကြည်လင်လင် ရှိပါတယ်။ ဟောင်ကောင် လျှပ်စစ်စွမ်းအင်ကုမ္ပဏီကတော့ သေဆုံး သူတွေအတွက် လျော်ကြေးအဖြစ် ဒေါ်လာ (၂) သောင်းခွဲကျော်စီ ပေးလျော်မယ်လို့ ပြောပါတယ်ရှင်။
XS
SM
MD
LG