သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ဆန္ဒပြသူနဲ့ အာဏာပိုင်ဆွေးနွေး


ဆန္ဒပြကျောင်းသားခေါင်းဆောင်တွေနဲ့ ဟောင်ကောင် အာဏာပိုင်တွေ တွေ့ဆုံ ခဲ့ပေမဲ့လည်း ၂၀၁၇ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သတ်ပြီး အပြောင်းအလဲ လုပ်မှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။

ဟောင်ကောင်အတွင်းဝန်ချုပ် Carrie Lam က ၃ ပတ်ကြာ ဆန္ဒပြမှုကိုရပ်စဲဖို့ အဖွင့်မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောကြားခဲ့ပြီး ဖွဲ့စည်းပုံနဲ့ ပတ်သတ်ပြီး ဆွေးနွေးဖို့ ဒါဟာ အတားအဆီးတခု ဖြစ်နေတယ်လို့ ပြောပါတယ်။

ဟောင်ကောင်ရဲ့ ဒုတိယအကြီးအကဲဖြစ်သူ Lam က ဟောင်ကောင်ဟာ လွတ်လပ်တဲ့ နိုင်ငံတခု မဟုတ်တာကြောင့် ရွေးကောက်ပွဲနဲ့ ပတ်သတ်တာတွေကို ဆုံးဖြတ်လို့ မရနိုင်ဘူးဆိုပြီးတော့လည်း ပြောပါတယ်။ ဒါပေမဲ့လည်း ကိုယ်စားလှယ်လောင်း ရွေးချယ်ပေးမယ့် ကော်မတီနဲ့ ဆွေးနွေးနိုင်မယ့် အခြေအနေ ရှိတဲ့အကြောင်းကိုတော့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး Leung Chun-ying က အရိပ်အမြွက် ပြောကြားသွားပါတယ်။

ဆန္ဒပြကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ Alex Chow က ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနဲ့ ပတ်သတ်ပြီး အစိုးရအနေနဲ့ ပြန်မပြင်ဘူးဆိုလျှင် သူတို့အနေနဲ့ ဆန္ဒပြမှုတွေကို ဖျက်သိမ်းမှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။

၂၀၁၇ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွင်း ရွေးချယ်တင်မြှောက်ရမယ့် ဟောင်ကောင် အုပ်ချုပ်ရေးမှူးနေရာကို တရုတ်အစိုးရက သူတို့အလိုကျ ရွေးချယ်ပေးမှာနဲ့ ပတ်သတ်ပြီး ဒါကို ပြောင်းလဲပေးဖို့ ဆန္ဒပြသူတွေက လိုလားနေတာပါ။ ဟောင်ကောင် အုပ်ချုပ်ရေးမှူး Leung Chun-yin နှုတ်ထွက်ပေးဖို့ကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုနေပါတယ်။

XS
SM
MD
LG