ZAWGYI/UNICODE
ႏိုင္ငံေရးအေျခအေနေျပာင္းလဲလာတဲ့ ေဟာင္ေကာင္မွာ ဒီမိုကေရစီေရးတက္ႂကြလႈပ္ရွားသူေတြကို အစိုးရက ဆက္ၿပီးႏွိပ္ကြပ္ေနခ်ိန္မွာပဲ ေဟာင္ေကာင္ရဲ႕ အႀကီးဆုံး ဆရာ၊ ဆရာမမ်ားသမဂၢက သူတို႔ အဖြဲ႕ကိုဖ်က္သိမ္းလိုက္ပါတယ္။ ဒီမိုကေရစီေရးေထာက္ခံတဲ့ ဆရာဆရာမမ်ားသမဂၢအဖြဲ႕က တ႐ုတ္ျပည္မအစိုးရအေပၚ ဆန႔္က်င္မႈေတြရွိလာေအာင္ လုပ္ကိုင္ေနတယ္လို႔ ေဟာင္ေကာင္အာဏာပိုင္ေတြက ၿပီးခဲ့တဲ့တပတ္ကပဲ စြပ္စြဲေျပာဆိုခဲ့ပါတယ္။
ေဟာင္ေကာင္ ဆရာဆရာမမ်ားသမဂၢဟာ" အႏၲရာယ္ရွိတဲ့ အႀကိတ္အခဲ "တခုျဖစ္တဲ့အတြက္ ဖယ္ရွားပစ္သင့္တယ္ဆိုၿပီး တ႐ုတ္ျပည္မအစိုးရပိုင္ သတင္းဌာန ေျပာဆိုလိုက္ၿပီး နာရီပိုင္းအၾကာမွာပဲ ေဟာင္ေကာင္အစိုးရနဲ႔ သမဂၢၾကား ဒီလို အေျခအေနေတြ ေပၚေပါက္လာတာျဖစ္ပါတယ္။ ဆရာဆရာမ်ား သမဂၢအဖြဲ႕မွာ အဖြဲ႕ဝင္ ၉ ေသာင္းခြဲရွိၿပီး ေဟာင္ေကာင္က တခုတည္းေသာ အႀကီးဆုံးအလုပ္သမားသမဂၢတခုလည္းျဖစ္ပါတယ္။
မႏွစ္ကပဲ တ႐ုတ္ျပည္မအစိုးရက အတည္ျပဳျပဌာန္းလိုက္တဲ့ အမ်ိဳးသားလုံၿခဳံေရးဥပေဒနဲ႔ ေဟာင္ေကာင္မွာ တင္းၾကပ္စြာအုပ္ခ်ဳပ္လာတာျဖစ္ပါတယ္။ အဲဒီဥပေဒနဲ႔ပဲ ေဟာင္ေကာင္ ဒီမိုကေရစီေရး တက္ႂကြလႈပ္ရွားသူ ၁၀၀ ေက်ာ္တို႔ အဖမ္းခံထားရပါတယ္။
UNICODE
နိုင်ငံရေးအခြေအနေပြောင်းလဲလာတဲ့ ဟောင်ကောင်မှာ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေကို အစိုးရက ဆက်ပြီးနှိပ်ကွပ်နေချိန်မှာပဲ ဟောင်ကောင်ရဲ့ အကြီးဆုံး ဆရာ၊ ဆရာမများသမဂ္ဂက သူတို့ အဖွဲ့ကိုဖျက်သိမ်းလိုက်ပါတယ်။ ဒီမိုကရေစီရေးထောက်ခံတဲ့ ဆရာဆရာမများသမဂ္ဂအဖွဲ့က တရုတ်ပြည်မအစိုးရအပေါ် ဆန့်ကျင်မှုတွေရှိလာအောင် လုပ်ကိုင်နေတယ်လို့ ဟောင်ကောင်အာဏာပိုင်တွေက ပြီးခဲ့တဲ့တပတ်ကပဲ စွပ်စွဲပြောဆိုခဲ့ပါတယ်။
ဟောင်ကောင် ဆရာဆရာမများသမဂ္ဂဟာ" အန္တရာယ်ရှိတဲ့ အကြိတ်အခဲ "တခုဖြစ်တဲ့အတွက် ဖယ်ရှားပစ်သင့်တယ်ဆိုပြီး တရုတ်ပြည်မအစိုးရပိုင် သတင်းဌာန ပြောဆိုလိုက်ပြီး နာရီပိုင်းအကြာမှာပဲ ဟောင်ကောင်အစိုးရနဲ့ သမဂ္ဂကြား ဒီလို အခြေအနေတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဆရာဆရာများ သမဂ္ဂအဖွဲ့မှာ အဖွဲ့ဝင် ၉ သောင်းခွဲရှိပြီး ဟောင်ကောင်က တခုတည်းသော အကြီးဆုံးအလုပ်သမားသမဂ္ဂတခုလည်းဖြစ်ပါတယ်။
မနှစ်ကပဲ တရုတ်ပြည်မအစိုးရက အတည်ပြုပြဌာန်းလိုက်တဲ့ အမျိုးသားလုံခြုံရေးဥပဒေနဲ့ ဟောင်ကောင်မှာ တင်းကြပ်စွာအုပ်ချုပ်လာတာဖြစ်ပါတယ်။ အဲဒီဥပဒေနဲ့ပဲ ဟောင်ကောင် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ၁၀၀ ကျော်တို့ အဖမ်းခံထားရပါတယ်။