သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ဆန္ဒပြသူတွေနဲ့ အစိုးရကြား သောကြာနေ့ ဆွေးနွေးမည်


ဟောင်ကောင်ရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲ မှုတွေ ပြုလုပ်ဖို့ တောင်းဆိုထား ချက်တွေကို အခုသီတင်းပတ် ကုန်ပိုင်းမှာ တရားဝင် ဆွေးနွေးညှိနှိုင်းဖို့ သဘောတူညီမှု ရရှိပြီးဖြစ်ကြောင်း ဟောင်ကောင်အစိုးရနဲ့ ဆန္ဒပြကျောင်းသားတွေ က ပြောဆိုပါတယ်။

ကျောင်းသားကိုယ်စားလှယ်တွေနဲ့ အင်္ဂါနေ့နှောင်းပိုင်းမှာ ဆွေးနွေးခဲ့ပြီး နောက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ဟောင်ကောင်အုပ်ချုပ်ရေး အတွင်းဝန် Carrie Lam တို့အကြား စကားပြောဆိုမှုကို လာမယ့် သောကြာနေ့မှာ ကျင်းပမှာ ဖြစ်တယ်လို့ အခြေခံဥပဒေရေးရာ လက်ထောက်အတွင်းဝန် Lau Kong-wah က ပြောဆိုပါတယ်။

တချိန်က ဗြိတိသျှ ကိုလိုနီဖြစ်ခဲ့တဲ့ ဟောင်ကောင်မှာ သီတင်းတပတ်ကျော်ကြာ သောင်းနဲ့ချီတဲ့ ကျောင်းသားတွေ ခေါင်းဆောင်တဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး အခုအခါမှာတော့ ရာဂဏန်းလောက်သာ လမ်းတွေပေါ်မှာ ကျန်ပါတော့တယ်။ ကျောင်းတွေအများစု ပြန်ဖွင့်နိုင်ပြီဖြစ်သလို စီးပွားရေးလုပ်ငန်းတွေလည်း ပြန်လည် လည်ပတ်လာနိုင်ချိန်မှာ အခုလို တွေ့ဆုံဆွေးနွေးကြဖို့ ကြေညာချက် ထွက်ပေါ်လာတာပါ။

တနင်္လာနေ့တုန်းကတော့ အစိုးရဘက်ကကော ကျောင်းသားတွေဘက်ကပါ တွေ့ဆုံဆွေးနွေးရေးအတွက် အခြေခံမူတွေ ချမှတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောခဲ့ကြပါတယ်။

XS
SM
MD
LG