သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လေယာဉ်တင်သင်္ဘော ဟောင်ကောင်ဝင်ခွင့်မရ


အမေရိကန်ရေတပ် လေယာဉ်တင်သင်္ဘောတစင်း ဟောင်ကောင်ဆိပ်ကမ်းကို ဝင်ရောက်ခွင့်ပေးဖို့ တရုတ်နိုင်ငံက ငြင်းပယ်လိုက်ပါတယ်။

USS Stennis သင်္ဘောနဲ့ အရံရေယာဉ်တွေကို ဟောင်ကောင်ဆိပ်ကမ်းဆီ ဝင်ရောက်ခွင့်မပြုဘဲ ငြင်းပယ်ခံရတဲ့အကြောင်း ပင်တဂွန် အမေရိကန် စစ်ဌာနချုပ်က သောကြာနေ့မှာ ပြောဆိုခဲ့တာပါ။

ဆိပ်ကမ်းဆီ ဝင်ရောက်ခွင့် ငြင်းပယ်ခံရတဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ တရုတ်နိုင်ငံကတော့ - အမေရိကန် စစ်သင်္ဘောတွေနဲ့ လေယာဉ်တွေ ဟောင်ကောင်ကို ဝင်ရောက်ခွင့်နဲ့ ပတ်သက်လို့ အချုပ်အခြာအာဏာပိုင်ဆိုင်မှု အခြေခံနဲ့ လိုအပ်ချက် အခြေအနေအပေါ် မူတည်ပြီး စဉ်းစားခွင့်ပြုပေးလေ့ရှိတယ်လို့ - ရိုက်တာသတင်းဌာနကို ပေးပို့တဲ့ ကြေညာချက်မှာ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း - တရုတ်နိုင်ငံနဲ့ ဒေသတွင်း နိုင်ငံတွေကြား သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ တောင်တရုတ်ပယ်လယ်ဆီ ဒီလအစောပိုင်းမှာ USS Stennis သင်္ဘောနဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ် ကာတာ သွားရောက်ခဲ့ပြီးနောက်မှာပဲ ဟောင်ကောင်ဆိပ်ကမ်းဆီ ဝင်ရောက်ခွင့်ပြုဖို့ တရုတ်ဘက်က ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

ဟောင်ကောင်ဆိပ်ကမ်းဆီ အမေရိကန်ရေတပ်သင်္ဘောတွေ ဝင်ရောက်ခွင့် မပေးဘဲ တရုတ်ရဲ့ ငြင်းဆန်မှုဟာ ၂၀၁၄ ခုနှစ်ကစလို့ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ လောလောဆယ် ဟောင်ကောင်ဆိပ်ကမ်းမှာတော့ အမေရိကန်ရေတပ်သင်္ဘော USS Blue Ridge ရောက်ရှိနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG