သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်အုပ်ချုပ်ရေးမှူးသစ် ကျမ်းသစ္စာဆို


ဟောင်ကောင်အုပ်ချုပ်ရေးမှူးသစ် John Lee က ကျမ်းသစ္စာကျိန်အပြီး မိန့်ခွန်းပြောကြားစဉ် (ဇူလိုင် ၁၊ ၂၀၂၂)
ဟောင်ကောင်အုပ်ချုပ်ရေးမှူးသစ် John Lee က ကျမ်းသစ္စာကျိန်အပြီး မိန့်ခွန်းပြောကြားစဉ် (ဇူလိုင် ၁၊ ၂၀၂၂)

[[Zawgyi/Unicode]]

ဟောင်ကောင်မှာ ၂၀၁၉ ခုနှစ်က ဒီမိုကရေစီရေးတောင်းဆို ဆန္ဒပြနေသူတွေအပေါ် နှိမ်နှင်းမှုကို ကြီးကြပ်ခဲ့သူ လုံခြုံရေးအရာရှိဟောင်း John Lee ဟာ ဟောင်ကောင်ကျွန်းအုပ်ချုပ်ရေးမှူးသစ်အဖြစ် ဒီနေ့ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ သူက ဟောင်ကောင်ကျွန်းရဲ့ ဖွဲ့စည်းပုံဥပဒေတွေအတိုင်း လိုက်နာကျင့်သုံးသွားမယ်လု့ိ ကတိပြုခဲ့သလို ပြည်မကြီးအစိုးရကိုလည်း တာဝန်ခံမယ်လို့ ကတိပြုခဲ့ပါတယ်။

တရုတ်အုပ်ချုပ်မှုအောက် ဟောင်ကောင်ကျွန်းပြန်ရောက်တာ ၂၅ နှစ်ပြည့် အထိမ်းအမှတ်နဲ့အတူ ဟောင်ကောင်ကျွန်း အုပ်ချုပ်ရေးမှူးသစ်နဲ့ အစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို ပြုလုပ်ခဲ့တာမှာ သမ္မတ Xi Jinping ကလည်း တပြည်ထောင် စနစ် ၂ ခုမူကို ကာကွယ်ပြောကြားခဲ့ပါတယ်။ ဒီ စနစ်က အလုပ်ဖြစ်တယ်ဆိုတာ အကြိမ်ကြိမ်သက်သေပြခဲ့ပြီးဖြစ်တဲ့အတွက် ဒီစနစ်ကို ပြောင်းလဲဖို့ အစီအစဉ်မရှိဘူးလို့ တရုတ်သမ္မတ Xi Jinping ကပြောကြားခဲ့တာပါ။

ဗြိတိန်အုပ်ချုပ်မှုကနေ လွှဲပြောင်းယူပြီး အနှစ် ၅၀ ကြာတဲ့အထိ လွတ်လပ်ခွင့်နဲ့ ဟောင်ကောင်ကျွန်း ကိုယ်ပိုင်အုပ်ခွင့်ပေးထားတဲ့ ကတိကဝတ်အတိုင်း လေးစား လိုက်နာဖို့ ဗြိတိန်၊ အမေရိကန်အပါအဝင် ဒီမိုကရေစီနိုင်ငံတွေက တောင်းဆိုနေချိန်မှာ တရုတ်သမ္မတ Xi Jinping က ခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ တည်ငြိမ်မှုအပေါ် ခြိမ်းခြောက်မှုမှန်သမျှကို သည်းခံမှာ မဟုတ်ဘူးလို့လည်း သူက ပြောကြားခဲ့ပါတယ်။

တရုတ်ပြည်မကြီးရဲ့လက်အောက် ဟောင်ကောင်ပြန်ရောက်ခဲ့ပြီး ၂၅ နှစ်အကြာမှာ ဒီမိုကရေစီအခွင့်အရေးတွေ ဆုံးရှုံးနေပြီလို့ ဟောင်ကောင်ပြည်သူတွေက ပြောနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]





==============

XS
SM
MD
LG