သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံသတင်းထောက် လွတ်မြောက်ရေး ဟောင်ကောင်မှာဆန္ဒပြ

ဓားနဲ့တိုက်ခိုက်ခံရတဲ့ Ming Pao သတင်းစာတိုက် အယ်ဒီတာဟောင်းကို ထောက်ခံသူ ဟောင်ကောင်ပြည်သူများ ချီတက်ဆန္ဒပြကြစဉ် (မတ် ၂၊ ၂၀၁၄)
ဓားနဲ့တိုက်ခိုက်ခံရတဲ့ Ming Pao သတင်းစာတိုက် အယ်ဒီတာဟောင်းကို ထောက်ခံသူ ဟောင်ကောင်ပြည်သူများ ချီတက်ဆန္ဒပြကြစဉ် (မတ် ၂၊ ၂၀၁၄)
ဟောင်ကောင်မှာ သတင်းစာအယ်ဒီတာဟောင်းတစ်ဦး ဆိုးဆိုးဝါးဝါး အတိုက်ခိုက်ခံရတာနဲ့ သတင်းမီဒီယာတွေအပေါ်မှာ တရုတ်ပြည်မက ပိုပြီးလွှမ်းမိုး ချုပ်ခြယ်လာတာကို ကန့်ကွက်ကြတဲ့ သောင်းနဲ့ချီတဲ့ လူအုပ်ကြီးဟာ တနင်္ဂနွေနေ့က လမ်းမတွေပေါ်မှာ ဆန္ဒပြခဲ့ကြပါတယ်။

အယ်ဒီတာဟောင်း Kevin Lau Chun ဟာ ဗုဒ္ဓဟူးနေ့မှာ လူတယောက်က အသားလှီးဓားနဲ့တိုက်ခိုက်မှုကို ခံခဲ့ရတာမို့ သူ့ရဲ့ရင်ဘတ်နဲ့ ခြေထောက်မှာ ဆိုးဆိုးဝါးဝါး ဒဏ်ရာတွေ ရခဲ့ပေမယ့် ခွဲစိတ်ကုသမှု လက်ဦးသွားတာမို့ အသက်တော့ မသေခဲ့ပါဘူး။
သားလှီးဓားနဲ့ တိုက်ခိုက်ခံရသူ ဟောင်ကောင် Ming Po သတင်းစာ အယ်ဒီတာချုပ်ဟောင်းKevin Lau Chun
သားလှီးဓားနဲ့ တိုက်ခိုက်ခံရသူ ဟောင်ကောင် Ming Po သတင်းစာ အယ်ဒီတာချုပ်ဟောင်းKevin Lau Chun

ဘာ့ကြောင့် အခုလို တိုက်ခိုက်ခဲ့တယ်ဆိုတာကို မဖော်ထုတ်နိုင်သေးဘူးလို့ ရဲတွေက ပြောပါတယ်။

Lau ဟာ တရုတ်ဘာသာနဲ့ ထုတ်ဝေတဲ့ Ming Po သတင်းစာ အယ်ဒီတာ ချုပ်ဟောင်း တယောက်ဖြစ်ပြီး သူ့ရဲ့စုံစမ်းမေးမြန်း ဖော်ပြတဲ့ သတင်းတွေကြောင့် နာမည်ကြီးသူဖြစ်ပေမယ့် မကြာသေးခင်ကပဲ အလုပ်က ထုတ်တာခံခဲ့ရပါတယ်။ ဒါ့အပြင် သူ့နေရာမှာ ပြည်မ တရုတ်အစိုးရကို လိုလားသူတစ်ဦးကို အစားထိုးခန့်အပ်ခဲ့တဲ့အတွက် သတင်းလွတ်လပ်ခွင့်ကို ချုပ်ကိုင်လွှမ်းမိုးဖို့ ကြိုးစားလာတယ်လို့ ဟောင်ကောင်သားတွေက ယူဆပြီး စိုးရိမ်လာကြတာပါ။

ဆန္ဒပြသူ ၁၃, ၀၀၀ ကျော်ထဲမှာ သတင်းသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ရှေ့နေတွေပါ ပါဝင်ပါတယ်။ ရဲတွေကတော့ ဆန္ဒပြသူ ၈,၆၀၀ လောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG