သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ဒီမိုကရေစီအွန်လိုင်းမီဒီယာတခုကို ရဲတပ်ဖွဲ့ဝင်ရောက်စီးနင်း


Hong Kong Stand News အွန်လိုင်းမီဒီယာ အယ်ဒီတာ Patrick Lam ကို ဆူပူအောင်လှုံ့ဆော်ထုတ်ဝေမှု စွဲချက်နဲ့ ဖမ်းဆီးသွားစဉ်။ (ဒီဇင်ဘာ ၂၉ ၊ ၂၀၂၁)
Hong Kong Stand News အွန်လိုင်းမီဒီယာ အယ်ဒီတာ Patrick Lam ကို ဆူပူအောင်လှုံ့ဆော်ထုတ်ဝေမှု စွဲချက်နဲ့ ဖမ်းဆီးသွားစဉ်။ (ဒီဇင်ဘာ ၂၉ ၊ ၂၀၂၁)

[[Zawgyi/Unicode]]

ဟောင်ကောင်က ဒီမိုကရေစီလိုလားတဲ့ အွန်လိုင်းမီဒီယာ Stand News ကို ရာချီတဲ့ ဟောင်ကောင် အမျိုးသားလုံခြုံရေး ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ဝင်ရောက် စီးနင်းခဲ့ပါတယ်။ အကြီးတန်း ဝန်ထမ်းတွေအပါအဝင် လူ ၆ ယောက်ကို ဆူပူလှုံ့ဆော်အောင် ပူးပေါင်းကြံစည် ထုတ်ဝေမှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။

Stand News ရဲ့ရုံးက အထောက်အထားတွေကို သိမ်းဖို့ ပလပ်စတစ်ပုံးတွေ ရုံးပေါ်သယ်သွားခဲ့တာကို ရိုက်တာသတင်းဌာနကရရှိတဲ့ ဗွီဒီယိုမှာ တွေ့ရပါတယ်။ Kwun Tong အလုပ်သမား လူတန်းစား ရပ်ကွက်မှာရှိတဲ့ Stand News ရုံးကို ပိတ်ဆို့ထားပြီး ရဲတပ်ဖွဲ့ ဗင်ကား ၄ စီး ရပ်ထားတာကို တွေ့မြင်ကြရပါတယ်။ ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာတော့ အသက် ၃၄ နှစ်ကနေ ၇၃ နှစ် အထိ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ကို ဖမ်းဆီးခဲ့ပြီး သူတို့ရဲ့နေအိမ်တွေကို ရှာဖွေနေတယ်လို့ ပြောထားပါတယ်။

Stand News ကို စေတနာ့ဝန်ထမ်း အဖွဲ့အစည်းအဖြစ် ၂၀၁၄ ခုနှစ်က ထူထောင်ခဲ့တာပါ။ဒီကနေ့အချိန်မှာ အထင်ရှားဆုံး ဒီမိုကရေစီရေး အွန်လိုင်းစာစောင်အဖြစ် ကျန်ရှိနေခဲ့တဲ့ မီဒီယာ ဖြစ်ပါတယ်။

ဖမ်းဆီးလိုက်တဲ့ ၆ ယောက်ကတော့ ဒီမိုကရက်အမတ် Margaret Ng၊ ပေါ့ပ် အဆိုတော် Denise Ho၊ ယခင် အယ်ဒီတာချုပ် Chung Pui-kuen၊ ယာယီအယ်ဒီတာချုပ် Patrick Lam နဲ့ ယခင်ဘုတ်အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Chow Tat-chi နဲ့ Christine Fang တို့ ဖြစ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]






#HongkongDemocracy #HongKongMedia #VOABurmese


============

XS
SM
MD
LG