သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင် ကမ္ဘာလှည့်ခရီးသည် သေဆုံးမှု ဖိလစ်ပိုင်လျော်ကြေးပေး


ပြီးခဲ့တဲ့သြဂုတ်လ ၂၃ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ရဲအရာရှိဟောင်းတဦးက နိုင်ငံခြားသားခရီးသည်တွေရဲ့ဘတ်(စ်)ကားကို အပိုင် စီးတိုက်ခိုက်ခဲ့မှုမှာ သေဆုံးခဲ့ရတဲ့ ဟောင်ကောင်ကလာသူ တရုတ်ခရီးသည် ၈ ဦးအတွက် ဖိလစ်ပိုင်အစိုးရက လျော်ကြေး ပေးအပ်မယ်လို့ ကြာသ ပတေးနေ့က ကြေညာခဲ့ပါတယ်။

ဖိလစ်ပိုင် ခရီးသွားလာရေးဝန်ကြီး အယ်လ်ဘာတို လင်း (Alberto Lim) ကပြောဆိုတာမှာတော့ အခုလို ပေးအပ်တဲ့လျော်ကြေးဟာ ဖိလစ်ပိုင်နိုင်ငံ နဲ့ သေဆုံးရသူ တရုတ်နိုင်ငံမိသားစုတွေကြားမှာ သွေးစည်းညီညွတ်မှု အထိမ်းအမှတ်ဖြစ်ပြီး ပထမအရစ်လျော်ကြေးကို ငွေသားအနေနဲ့ပေးအပ်မယ် လို့ ဆိုပါတယ်။ ဒုတိယအရစ် လျော်ကြေးကိုတော့ ကျန်ရစ်သူမိသားစုတွေထဲက သားသမီးတွေကို ပညာသင်ဆု၊ သို့မဟုတ် မိသားစုတွေအတွက် ကျန်းမာရေး အာမခံဝန်ဆောင်မှုတွေကို ပေးအပ်မှာဖြစ်တယ်လို့လည်း ဝန်ကြီးလင်းက ဆိုပါတယ်။

အခုလိုလျော်ကြေးပေးမယ့်အစီအစဉ်ကို ဟောင်ကောင် အုပ်ချုပ်ရေးမှူး ဒေါ်နယ်(လ်)ဆန်း (Donald Tsang) ကို ဖိလစ်ပိုင်ခရီးသွားလာရေးဝန်ကြီး အယ်လ်ဘာတိုလင်း က ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG