သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်သတင်းလွတ်လပ်ခွင့် ဆိုးရွားစဲ


World Press Freedom
World Press Freedom

သတင်းလွတ်လပ်ခွင့်အခြေအနေ ဆိုးရွားနေတဲ့ ဟောင်ကောင်ကျွန်းမှာ ဒီသတင်းပတ် ဆန်းစစ်ချက်အချက်အဆင့် နည်းနည်းတက်လာတာ တွေ့ရတယ်လို့ အကဲခတ်တွေက ပြောပါတယ်။ ဟောင်ကောင်ရဲ့ သတင်းလွတ်လပ်ခွင့်ဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၄၀ မှာ ရှိတယ်လို့ နယ်စည်းမထားသတင်းထောက်များအဖွဲ့ RSF ဒီတပတ်ထုတ်ပြန်သွားတဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

ဒါဟာ ၂၀၂၂ နှစ် အခြေအနေနဲ့ နှိုင်းယှဉ်ရင် ၈ နေရာ ခုန်တက်လာတာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာ အမျိုးသားလုံခြုံရေးဥပဒေ စတင်ကျင့်သုံးကတည်းက ဟောင်ကောင်ရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေက မကြုံဖူးလောက်အောင် ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်ပြီးတဲ့နောက် အစိုးရကို အားပျော့အောင် လုပ်တာမျိုး၊ ပြည်ပအဖွဲ့အစည်းနဲ့ ပူးပေါင်းတာမျိုး၊ ခွဲထွက်ခွင့် ကြိုးပမ်းတာမျိုးတွေကို အမျိုးသားလုံခြုံရေးဥပဒေဆိုတာနဲ့ တားမြစ်ထားပြီး ရှင်းရှင်းလင်းလင်း ပြောထားတာတော့ မရှိပါဘူး။

တရုတ်အစိုးရကတော့ ဒီဥပဒေဟာ လိုအပ်တယ်လို့ ပြောပါတယ်။ အာရှဒေသမှာ နိုင်ငံ ၃ နိုင်ငံက စာရင်းအောက်ဆုံးမှာရှိပြီး မြောက်ကိုရီးယား၊ တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတို့ ဖြစ်ကြပါတယ်။ ကမ္ဘာ့တခြားနေရာတွေကို သတင်းလွတ်လပ်ခွင့် ပိုပြီးကျဆင်းလာတာကြောင့် အခုလို ဟောင်ကောင်က အဆင့်တက်သွားတာဖြစ်ပါတယ်။ သတင်းလွတ်လပ်ခွင့် အခြေအနေ ပိုကောင်းမွန်လာလို့တော့ မဟုတ်ပါဘူးလို့ RSF ရဲ့ အရှေ့အာရှ ညွှန်ကြားရေးမှူးက ပြောပါတယ်။

XS
SM
MD
LG