သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင် ရဲလုပ်ရပ် သတင်း ထိမ်ချန်မှု သတင်းသမားတွေ ကန့်ကွက်


ဟောင်ကောင်ရဲများ ဆန္ဒပြစခန်းများကို ဝင်ရောက်ရှင်းလင်း။
ဟောင်ကောင်ရဲများ ဆန္ဒပြစခန်းများကို ဝင်ရောက်ရှင်းလင်း။

ဟောင်ကောင်ရဲတွေက လက်ထိပ်အခတ်ခံနေရတဲ့ ဆန္ဒပြသူတဦးကို ရိုက်နှက်နေတဲ့ video ခွေဟာ တရုတ်နိုင်ငံရဲ့ တခုတည်းသော ထွက်ပေါက်ဖြစ်တဲ့ ကွန်ပြူတာ အွန်လိုင်းမှာ အလျင်အမြန် ပျံ့နှံ့သွားချိန်မှာပဲ အခုလို ရဲတွေရဲ့ မတရားတဲ့ အပြုအမူနဲ့ အကြမ်းဘက်မှုတွေနဲ့ ပါတ်သက်ပြီး သတင်းသမားတွေက ကန့်ကွက်လာကြပါတယ်။

ဒီသတင်းကို TVB သတင်းဌာနက ဖေါ်ပြရာမှာ မူရင်းမဟုတ်ပဲ အရိုက်နှက်ခံရ တာကို မပြပဲ ပြောင်းပစ်တာနဲ့ ပါတ်သက်ပြီး လွန်ခဲ့တဲ့ ၂ ရက်က TVB သတင်းဌာနက သတင်းသမား ၄၀ ကျော်က အိတ်ဖွင့်ပေးစာ တစောင်ထုတ်ပြန်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။ ဆန္ဒပြသူကို ရဲက ကန်ကျောက် ရိုက်နှက်တဲ့ ပုံကို TVB စီမံခန့်ခွဲရေးက ဖယ်ထုတ်ထားတယ်လို့ ဆိုပါတယ်။

TVB ဝန်ထမ်း ၈၀ ကျော်ကလည်း သတင်းသမားတွေကို ထောက်ခံကြောင်း လက်မှတ်ရေးထိုးထားတဲ့ စာကိုထုတ်ပြန်ခဲ့ ပါတယ်။ ဟောင်ကောင် သတင်းသမားများ အဖွဲ့ အပါအဝင် ဟောင်ကောင်မှာရှိတဲ့ သတင်းသမဂ္ဂနဲ့ အဖွဲ့အစည်း ၇ ခုကလည်း TVB သတင်းဌာနကသတင်းထောက်တွေရဲ့ လုပ်ရပ်ကို အပြည့်အဝထောက်ခံကြောင့် ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။

ဟောင်ကောင်ရဲကတော့ အခုလို လက်ထိပ်အခတ်ခံရသူကို ရိုက်နှက်ခဲ့ရာမှာ ပါဝင်သူ ရဲအရာရှိ ၅ ဦးကို ရာထူးက ချထားလိုက်သလို မှုခင်းစုံစမ်းရေးအဖွဲ့တခု ဖွဲ့လိုက်ကြောင်း ကြာသပတေးနေ့မှာပဲ ပြောကြားလိုက်ပါတယ်။

XS
SM
MD
LG