[[Zawgyi/Unicode]]
ဟောင်ကောင်ပင်လယ်ပြင် ရေနံတင်သင်္ဘောပေါက်ကွဲမှု မြန်မာသင်္ဘောသားတဦးဒဏ်ရာရ
စနေနေ့က ဟောင်ကောင် ပင်လယ်ပြင်မှာ ဖြစ်ပွားခဲ့တဲ့ ရေနံတင်သဘောၤ ပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရတဲ့သူတွေထဲမှာ မြန်မာနိုင်ငံသား သဘောင်္သား တဦးနဲ့ အင်ဒိုနီးရှား နိုင်ငံသား သင်္ဘောသား နှစ်ဦးပါဝင်တဲ့အကြောင်း ဟောင်ကောင် သတင်းတွေမှာ ဖေါ်ပြပါတယ်။
ထိခိုက်ဒဏ်ရာရသူ ဘယ်သူဘယ်ဝါဆိုတဲ့ နာမည်အတိအကျတော့ ဖေါ်ပြခြင်း မရှိသေးပါဘူး။ ပနားမား မှတ်ပုံတင် Chuang Yi နေနံတင်သင်္ဘော ပေါက်ကွဲမှုကြောင့် သင်္ဘောသား တဦး သေဆုံးပြီး စုစုပေါင်း ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲအ့ကြောင်း ဟောင်ကောင် အရာရှိတွေက ပြောပါတယ်။ ဒဏ်ရာရတဲ့ သူ လေးဦးရဲ့ အခြေအနေဟာ အထူး စိုးရိမ်ရတယ်လို့လည်း ဟောင်ကောင် ကယ်ဆယ်ရေးအဖွဲ့ဝင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AP သတင်းမှာ ရေးပါတယ်။
ဟောင်ကောင် အရှေ့ဘက် ၁၈၆ မိုင် အကွာမှာ ပယ်လယ်ပြင်ထဲမှာ ရေနံ တင် သဘောၤ မီးလောင်မှု ဖြစ်ပွားပြီး ပေါက်ကွဲခဲ့တာလို့ ဟောင်ကောင် ရေကြာင်း ကယ်ဆယ်ရေးနဲ့ ဆက်စပ်ဆောင်ရွက်ရေး ဌာနက ပြောပါတယ်။ သဘောင်္ဟာ ၂၂ နှစ် သက်တမ်းရှိပီး ပေ ၄၀၀ နီးပါး ရှည်တဲ့ သဘောင်္ဖြစ်ပါတယ်။ သဘောင်္အခြေအနေ လိုက်လံစုံစမ်းတဲ့ App အရ သဘောင်္ပေါ်မှာ ရေနံနဲ့ ဓါတုလောင်စာ သိုလောင်ကန်တွေ တန်ချိန် ၅ ထောင့် ၅ ရာတင်ပြီး ထိုင်ဝမ်ကို အသွား လမ်းမှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
============
[[Unicode]]