သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုမာလီ ဒုက္ခသည် ကလေးငယ် သေဆုံးမှုနှုန်း မြင့်မား

ဆိုမာလီ ဒုက္ခသည် ကလေးငယ် သေဆုံးမှုနှုန်း မြင့်မား
ဆိုမာလီ ဒုက္ခသည် ကလေးငယ် သေဆုံးမှုနှုန်း မြင့်မား

အီသီယိုးပီးယား ဒုက္ခသည်စခန်း တခုမှာ ထိတ်လန့်စရာ ကောင်းလောက်တဲ့နှုန်းနဲ့ ဆိုမာလီ ဒုက္ခသည် ကလေးငယ်တွေ သေဆုံးနေကြတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံးက ပြောပါတယ်။

အီသီယိုးပီးယား အရှေ့ပိုင်းက ကိုဘေ (Kobe) ဒုက္ခသည်စခန်းမှာ အသက် ၅ နှစ်အရွယ်အောက် ပျမ်းမျှ ကလေး ၁၀ ယောက် တနေ့တနေ့ သေနေကြတယ်လို့ အစီရင်ခံစာမှာ ဆိုပါတယ်။ အာဟာရ ချို့တဲ့တာက သေရတဲ့ အဓိက အကြောင်းရင်းဖြစ်ပြီး ဝက်သက်ရောဂါ ပျံ့နှံ့နေတာကလည်း ပြဿနာကို ပိုဆိုးသွားစေတယ်လို့ ပြောပါတယ်။

ဆိုမာလီတောင်ပိုင်း ဒေသ ၅ ခုကို ဒုဗ္ဘိကန္တရကပ် ဆိုက်နေတဲ့ ဒေသတွေအဖြစ် ကုလသမဂ္ဂက ကြေညာထားပါတယ်။ လာမယ့်လ ကုန်တာနဲ့ တောင်ပိုင်း တပိုင်းလုံး အငတ်ဘေး ဆိုက်သွားမယ်လို့လည်း ဟောကိန်းထုတ်ထားပါတယ်။

အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေကို မလုပ်ဘူးဆိုရင် ဆိုမာလီ ကလေး ၄၀၀,၀၀၀ အထိ အငတ်ဘေးနဲ့ သေနိုင်တယ်လို့ ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဌာန အတွင်းဝန် အန်ဒရူး မစ်ရှဲလ် (Andrew Mitchell) က ဆိုပါတယ်။ ဗြိတိန်က နောက်ထပ် ဒေါ်လာ ၄၁ သန်း အကူအညီ ပေးမယ်လို့ ကတိပေးလိုက်ပါတယ်။

This item is part of
XS
SM
MD
LG