သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း မူဘာရက်ကို နောက်အပတ် ရုံးတင်မည်


သမ္မတဟောင်း မူဘာရက်ကို နောက်အပတ် ရုံးတင်မည်
သမ္မတဟောင်း မူဘာရက်ကို နောက်အပတ် ရုံးတင်မည်

ရှေ့သီတင်းပတ်မှာ အီဂျစ်သမ္မတဟောင်း ဟော့စနီ မူဘာရက် (Hosni Mubarak) ကို သူ့ရဲ့ ကျန်းမာရေး အခြေအနေကြောင့် သူ့ကို စစ်ဆေးမယ့် တရားခွင်ကို ရက်ရွှေ့ဆိုင်းမယ် သို့မဟုတ် လက်ရှိ သူဆေးကုသမှု ခံယူနေတဲ့ ပင်လယ်ကမ်းခြေ အပန်းဖြေမြို့ ရှမ်အယ်လ်ရှိတ် (Sharm el Sheik) က တရားရုံးမှာပဲ စစ်ဆေးမယ်၊ စသည်ဖြင့် ထင်ကြေးနဲ့ ပြောဆိုမှုတွေ ရှိနေပါတယ်။

ဒါပေမဲ့လည်း အီဂျစ်တရားရေး ဒုတိယဝန်ကြီးက ကိုင်ရိုမြို့တော်က အစည်းအဝေးခန်းမမှာ သြဂုတ်လ ၃ ရက်နေ့ကစပြီး မစ္စတာ မူဘာရက်ကို တရားရုံးတင် စစ်ဆေးမယ်လို့ ပြောကြားခဲ့တာကို ကိုးကားပြီး အီဂျစ်အစိုးရ မီဒီယာက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မစ္စတာ မူဘာရက် နှုတ်ထွက်ပေးရေး ဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နင်းဖို့ အမိန့်ပေးခဲ့မှုနဲ့ လာဘ်စားမှုတွေနဲ့ စွဲဆိုထားတာတွေကို တရားရုံးမှာ မစ္စတာ မူဘာရက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီ ၁၈ ရက်ကြာ ဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူ ၉၀၀ နီးပါး လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြရပါတယ်။

မစ္စတာ မူဘာရက်ဟာ အလွန်အမင်း အားနည်းနေပြီးတော့ အဖတ်မစားနိုင်ဘဲ ရှိနေတယ်လို့ သူ့ရဲ့ ဆရာဝန်တွေက ပြောကြပါတယ်။ သူကုသနေတဲ့ ဆေးရုံအုပ်ကလည်း မစ္စတာ မူဘာရက်ဟာ ကိုယ်အလေးချိန် လျော့ကျနေပြီး အားအင်မရှိ နုံးချိနေတဲ့ ဝေဒနာ ခံစားနေရတယ်လို့ ပြောပါတယ်။

မစ္စတာ မူဘာရက်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကောလာဟလတွေ အများကြီး ထွက်ပေါ်နေတာမှာ တချို့သော ဝေဖန်သူတွေက ဒီသတင်းတွေဟာ မစ္စတာ မူဘာရက်ကို တရားရင်ဆိုင်ရခြင်း မရှိအောင် ပံ့ပိုးနေတဲ့ သတင်းတွေအဖြစ် ရှုမြင်နေကြပါတယ်။

တရားစစ်ဆေး စီရင်တာမှာ ပြစ်မှုထင်ရှားရင် မစ္စတာ မူဘာရက်ဟာ သေဒဏ် ချမှတ်ခံရနိုင်ပါတယ်။ မစ္စတာ မူဘာရက်ကို တရားစီရင်ရေး ဘယ်လိုသော ရွှေ့ဆိုင်းမှုမျိုးမဆို အာဏာရ အိမ်စောင့် စစ်ကောင်စီ အစိုးရနဲ့ အပြောင်းအလဲတွေ နှေးကွေးနေတာတွေကို သည်းမခံနိုင်တော့တဲ့ အီဂျစ်လူထုကြားမှာ တင်းမာမှုတွေ ပိုပြီး ကြီးထွားလာမှာ ဖြစ်ပါတယ်။

XS
SM
MD
LG