သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အောင်ပွဲ အပေါ် ကန် အောက် လွှတ်တော် ကြေညာချက်


 မဲရလဒ်ကြေညာစဉ် NLD ထောက်ခံ သူများ အောင်ပွဲခံနေစဉ်။
မဲရလဒ်ကြေညာစဉ် NLD ထောက်ခံ သူများ အောင်ပွဲခံနေစဉ်။

မြန်မာနိုင်ငံ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အပြတ်အသတ် အနိုင်ရတဲ့ လက္ခဏာတွေ ပေါ်ထွက်လာနေချိန်မှာပဲ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ Ed Royce က နိုဝင်ဘာ ၁၂ ရက် နေ့စွဲနဲ့ ကြေညာချက် တစောင် ထုတ်ပြန်ုလိုက်ပါတယ်။

ဒီကနေ့မှာဆိုရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နဲ့ ဒီမိုကရေစီ လူ့အခွင့်အရေးကို အစဉ်တစိုက် ဆော်သြလာခဲ့တဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အပြတ်အသတ် အနိုင်ရမယ် ဆိုတာ လုံးဝတွေ့နေရပါပြီ။ လွတ်လပ်မှုနဲ့ ပြည်သူတွေ ကိုယ်တိုင် အုပ်ချုပ်ခွင့်ရရှိရေး အယူအဆတွေ ထွန်းကားနေပြီလို့ ယူဆရပါတယ်။

ရှေ့လမှာ NLD အစိုးရဟာ မြန်မာပြည်သူတွေ သာတူညီမျှရေးကို အခိုင်အမာ လုပ်မယ်လို့ မျှော်လင့်ပါတယ်။ ဒီအထဲမှာ လက်ရှိ အစိုးရ လက်အောက် အကြမ်းဖက် မှုတွေ၊ ဖိနှိပ်မှုတွေခံခဲ့ရတဲ့ ရိုဟင်ဂျာ မူဆလင်တွေ လည်း ပါဝင်ပါတယ်။ နိုင်ငံသား ဖြစ်မှုနဲ့ မဲပေးခွင့် ရုပ်သိမ်းခံထားရတဲ့ ရိုဟင်ဂျာတွေ၊ တခြား တိုင်းရင်းသားတွေကို အစိုးရသစ်က ခွန်အားမြှင့်တင်ပေးသင့်ပါတယ်။ ဒါမှ မြန်မာနိုင်ငံ ဟာ ဒီမိုကရေစီ ကို ရှေ့ရှုနိုင်မှာ ဖြစ်ပါတယ်။

တချိန်ထဲမှာပဲ ကျန်ရှိနေသေးတဲ့ မဲတွေ ရေတွက်မှုကို မှန်မှန်ကန်ကန် နဲ့ မြန်မြန်ဆန်ဆန် ရေတွက်ဖို့ အရေးကြီးပါတယ်။ ဒါ့အပြင်တကယ်လို့ လက်ရှိ အာဏာရပါတီကဖြစ်စေ၊ စစ်တပ်က ဖြစ်စေ ရွေးကောက်ပွဲ ဖြစ်စဉ်တွေကို ဟန့်တားနှောက်ယှက်တာမျိုးတွေ့ခဲ့ရင် အမေရိကန် နိုင်ငံက စီးပွါးရေး အကူညီတွေ ဆက်ပေးနေစရာ အကောင်း မရှိဘူးလို့ လည်း အောက် လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ ရဲ့ ကြေညာချက် မှာ ဖေါ်ပြ ထားပါတယ်။

XS
SM
MD
LG