သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရွေးကောက်ပွဲ ကန် လွှတ်တော်အမတ်တွေ စိုးရိမ်


ကန်-နိုင်ငံခြားရေးဝန်ကြီးကယ်ရီ မြန်မာနိုင်ငံခရီးစဉ်။ (သြဂုတ် ၂၀၁၄)
ကန်-နိုင်ငံခြားရေးဝန်ကြီးကယ်ရီ မြန်မာနိုင်ငံခရီးစဉ်။ (သြဂုတ် ၂၀၁၄)

အမေရိကန်အောက်လွှတ်တော် ခေါင်းဆောင်တွေ ဖြစ်တဲ့ နယူးရောက်ပြည်နယ် ဒီမိုကရက်တစ်ပါတီအမတ် Joe Crowley နဲ့ Ohio ပြည်နယ် ရီပါတ်ဘလစ်ကင် အမတ် Steve Chabot တို့က တနင်္ဂနွေနေ့ ကျင်းပမယ့် မြန်မာ့ရွေးကောက်ပွဲ အတွက် အထူးစိုးရိမ်ကြောင်း ပြောကြားလိုက်သလို ဒီရွေးကောက်ပွဲရလာဒ်ကို အမေရိကန် နိုင်ငံခြားရေးဌာနက သုံးသပ် အကဲဖြတ်ရာမှာ သတိကြီးကြီး ထားဖို့ပါ နိုင်ငံခြားရေးဝန်ကြီး John Kerry ကို တိုက်တွန်းလိုက်ပါတယ်။

အခုကျင်းပမယ့် ရွေးကောက်ပွဲကို ဒီမိုကရေစီစိတ်ဓါတ်နဲ့ အကောင်းဆုံး ဖြစ်အောင် ပါဝင်လုပ်ဆောင်နေသူ အားလုံးကို ကျေးဇူးတင်ပေ မယ့် မြန်မာနိုင်ငံကို နှစ်ပေါင်း ကြာရှည်စွာ အနီးကပ် စောင့်ကြည့်နေသူတွေ အနေနဲ့ဒီရွေးကောက်ပွဲ ရဲ့ ကျောရိုးပြဿနာတွေကို ကြည့်ရင် ဒါဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်မှန်း သိနိုင်တယ်လို့ ဆိုပါတယ်။

အပြောင်းအလဲ ဖြစ်လာနိုင်တယ်လို့ ယုံကြည်နေသူတွေအတွက် မြန်မာနိုင်ငံရဲ့ အခြေခံပြောင်းလဲမှုတွေ တံ့နေတာ ဒါမှမဟုတ် နောက်ပြန်ဆွဲ နေတာ မျိုးတွေကို မကြာသေးခင်ကပဲ တွေ့နေရတာမို့ ဒီမိုကရေစီရေး ပြောင်းလဲမှုအတွက် ရလဒ်ဟာ သိပ်ရှင်းလင်းမှာ မဟုတ်ဘူးလု့ိ လည်း ထောက်ပြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို လာမယ့် ရက်တွေ လတွေမှာလည်း အနီးကပ် စောင့်ကြည့်နေမှာ ဖြစ်ပြီး မြန်မာနဲ့ အမေရိကန် ၂ နိုင်ငံကြား အနာဂါတ် ဆက်ဆံရေးဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးဆိုင်ရာ လေးစားမှုတွေနဲ့ တကယ့်ပြောင်းလဲလာတဲ့ အပေါ်မှာပဲ အခြေခံထားသင့်တယ်လို့လည်း မစ္စတာ Crowley နဲ့ မစ္စတာ Chabot တို့က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ ဖွဲ့စည်းပုံး အခြေခံ ဥပဒေဟာ စစ်အစိုးရ လက်အောက်မှာ ရေးဆွဲထားပြီး ဒါကို အငြင်းပွါးဖွယ် မဲပေးမှုတွေနဲ့ အတည်ပြုထားတာမို့ လွှတ်တော်မှာ စစ်တပ်က ၂၅ ရာခိုင်နှုန်း ထက်မနည်း နေရာယူတာအပါအဝင် စစ်တပ်ကို အဓိက အာဏာပေး ထားတယ်လို့အမေရိကန် ပါတီကြီး ၂ ရက် အထက် လွှတ်တော်ခေါင်းဆောင်တွေရဲ့ ဝန်ကြီးကယ်ရီ ကို ပေးပို့တဲ့စာထဲမှာ ဖေါ်ပြထားတာပါ။ ဒါ့အပြင် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်မရှိအောင် အထူးပြု ရေးဆွဲထားတယ်လို့လည်း ဖေါ်ပြထားပါတယ်။

အစိုးရက မျိုးစောင့်ဥပဒေတွေ ထုတ်ပြန်ပြီး မူစလင်လူနည်းစုတွေကို အမုန်းပွါးစေဖို့ လုပ်ဆောင်တာ၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ဖမ်းဆီးအရေးယူတာတွေ အပါအဝင် မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေးဆိုင်ရာ အတွက်လည်း အထူး စိတ်ပူကြောင်း ပြောပါတယ်။ ဝန်ကြီးကယ်ရီကို စာရေးသား ပေးပို့သူတွေ ထဲမှာ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက Eliot L. Engel အာရှနဲ့ပစိဖိတ်ဆိုင်ရာ ကော်မတီခွဲက Matt Salmon ၊Joseph Pitts နဲ့ James P. McGovern တို့လည်း ပါဝင်ပါတယ်။

XS
SM
MD
LG