သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း




====================
ဆေးဝန်ထမ်းများ CDM လှုပ်ရှားမှု ဘယ်လောက်ထိရောက်သလဲ

ဖေဖေါ်ဝါရီလ (၁)ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက စတင်ခဲ့တဲ့ ဝန်ထမ်းတွေရဲ့ CDM အာဏာဖီဆန်ရေး လှုပ်ရှားမှုဟာ အစိုးရ ဆေးရုံတွေအပါအဝင် စစ်ကောင်စီ ယန္တရားကြီးတခုလုံး ရပ်တန့်အောင် ထိန်းထားနိုင်ဆဲဖြစ်တယ်လို့ CRPH ယာယီ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။
တဖက်မှာလည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်နစ်နာနေတဲ့ မြန်မာ့ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကြီးတခုလုံး စစ်အာဏာသိမ်းမှုကြောင့် ပြန်ပြီးနလန်ထူလာနိုင်ခြေရှိမလား။ လုံခြုံရေးအခြေအနေကြောင့် အမည်မဖေါ်လိုတဲ့ CDM မှာပါဝင်နေသူ ဆရာဝန်တဦးကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
XS
SM
MD
LG