ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ရေးအတွက် နိုင်ငံတော် သမ္မတက မကြာခန အမိန့်ပေးနေပေမယ့် တိုက်ပွဲတွေက ဆက်လက် ဖြစ်ပွားနေဆဲပါ။ သမ္မတရဲ့ ညွှန်ကြားချက်ကို ဘာကြောင့် စစ်တပ်ဖက် မလိုက်နာတာလဲ၊ ဒါမှမဟုတ် စစ်တပ်အနေနဲ့ ဒီတိုက်ပွဲတွေ ရပ်စဲဖို့ ဘယ်လို အခက်အခဲတွေများ ရှိနေပါသလဲ ဆိုတာကို ကချင် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဒွဲဘူ၊ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထဋ်တို့နဲ့ ဦးကျော်ဇံသာက သုံးသပ် တင်ပြထားပါတယ်။