ကချင်ပြည်နယ် ဖားကန့်မြိုနယ် ဆိပ်မှော်အုပ်စုက ပအိုဝ်အမျိုးသားအဖွဲ့(PNO) ပိုင်ဆိုင်တဲ့ ကုမ္ပဏီထဲမှာ ရေမဆေးကျောက်ရှာဖွေရင်းနဲ့ ပစ်ခတ်မှု ရိုက်နှက်မူတွေဖြစ်ပြီးရေမဆေးသမား၂ဦး ရဲတဦး သေဆုံးမူဖြစ်ခဲ့ပါတယ်။ ဒီအတွက် ရေမဆေးသမားတွေကို အရေးယူဆောင်ရွက်ဖို့ လုပ်ဆောင်နေတယ်လို့်လည်းသိရပါတယ်။ မအေးအေးမာကသတင်းပေးပို့ထားပါတယ်။
ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ဆိပ်မှော်အုပ်စု နန့်မှော်ကျေးရွာမှာ နိုဝင်ဘာ ၆ ရက်က ရေမဆေးကျောက်ရှာဖွေသူတွေက ကုမ္ပဏီက ခွင့်ပြုချိန်ထက်စောပြီးဝင်ရောက်ရေမဆေးကျောက်ရှာဖွေရာကနေ ကုမ္ပဏီစောင့်ရဲတွေနဲ့ပြဿနာတက်ပြီး ရေမဆေးသမားတွေ ကို ရဲတွေကသေနတ်နဲ့ စတင်ပစ်ခတ်ခဲ့တာပါ။ ဒီလိုပစ်ခတ်မူကြောင့်တဦးသေဆုံးပြီး တဦးကတော့ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။ ဒီအတွက် ပစ်ခတ်သူ ရဲကို ရေမဆေးသမားတွေ ကဝိုင်းရိုက်မူဖြစ်ပြီး ရဲတဦးသေဆုံးသွားခဲ့တဲ့အကြောင်း ဖားကန်ြ့မိုနယ်ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက အခုလိုပြောပြပါတယ်
'ပထမဦးဆုံးသေတယ် သေသွားပြီးတဲ့အခါမှ သာ ရေမဆေးသမားတွေက ဒေါကန်သွားတာနေမှာပေါ့။ လုံခြုံရေးရဲတ့ပ်ဖွဲ့ကိုအကျိုးအကြောင်းပြောတယ်ပြောရင်းနဲ့ ကတောက်ကဆဖြစ်တော့ရဲကို ဝိုင်းရိုက်လိုက်တဲ့ အနေအထားဖြစ်သွားတာပေါ့။ ပထမဆုံးတယောက်သေတယ် နောက်တယောက်က ဆေးရုံရောက်မှသေတယ်လုံခြုံရေးရဲနဲ့ ဆို ၃ယောက်သေတယ် ဖြစ်တဲ့နေရာက PNO ပအိုဝ်ကုမ္ပဏီပေါ့ "
ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ပအိုဝ်ကုမ္ပဏီကိုတော့ဆက်သွယ်လို့မရခဲ့ပါဘူး
ဒါကတော့ ဖားကန့်မြိုနယ် ဆိပ်မူကျေးရွာအုပ်စုမှာဖြစ်ခဲ့တာပါ။ ပြီးခဲတဲ့ ၃ပတ်ခန့် အောက်တိုဘာလအတွင်းမှာပဲ ဖားကန်မြိုနယ်လုံးခင်းကျေးရွာအုပ်စု ကုဋေကျေးရွာဘက်မှာလည်း ပစ်ခတ်မူဖြစ်ခဲ့ပြီး ရေမဆေးသမား ၅ဦးဟာ လုံခြဲုရေးရဲတွေရဲ့ပစ်ခတ်တာခံရပြီး သေဆုံးခဲ့သလို ကုမ္ပဏီကပစ္စည်းတွေလည်း ရေမဆေးသမားတွေဖျက်ဆီးတာခံခဲ့၇ပါတယ်။ ဒီဖြစ်စဉ်တုန်းကလည်း ရေမဆေးသမားတွေ ဖမ်းဆီးအရေးယူတာခံရတယ်လို့ဆိုပါတယ်။
"ပထမအကြိမ်ရေမဆေးသမား ၅ယောက်သေတယ် အဲဒီတုန်းကရဲလည်း ၂ဦး၃ဦး လောက်ဒဏ်ရာရတာပေါ့ တစ်သုံးလုံးကုမ္ပဏီအဲဒါ လုံးခင်းဘက်မှာဖြစ်ပျက်တာ။ အဲဒီမှာကျတော့ကုမ္ပဏီက ယန္တယားတွေလည်းပျက်ဆီးတယ်လေ။ ပျက်ဆီးတဲ့အတွက် ကုမ္ပဏီကတိုင်တဲ့အခါမှာ အဲဒီလူတွေကိုပေါ့ တရားဥပဒေအရဆောင်ရွက်တဲ့အနေအထားမျိုးပေါ့ "
တနင်္လာနေ့က ဖြစ်ရပ်နဲ့ပတ်သက်လို့ရေမဆေးသမားတွေကို အရေးယူဆောင်ရွက်ဖို့ လူ၃ဦးထက်မနည်းကို ဖမ်းဆီးစစ်ဆေးမူတွေလုပ်ဆောင်နေတယ်လို့ နမ့်မှော်ရွာသားတဦးကလည်းပြောပြပါတယ်။
"ရေမဆေးသမားတွေနဲပတ်သက်တာတွေတော့ လာဖမ်းတာပေါ့ ။ အခု ၃ယောက်ဖမ်းဆီးထားတယ်ပြောတယ်။ သူတိုပြောတယ် တချို့ကလည်းရေမဆေးသမားတွေကို ဖမ်းစစ်တာပေါ့ အဲဒီလိုမျိုးလုပ်တယ်။"
ဒီလိုပစ်ခတ်မူ နဲ့ဖမ်းဆီးစစ်ဆေးနေတဲ့အနေအထားနဲ့ပတ်သက်လို့ဖာကန့်ရဲစခန်းကိုဆက်သွယ်တဲ့အခါမှာတော့ ရဲစခန်းကတာဝန်ကျသူ ကတော့ ဒီကိစ္စကိုဖြေကြားဖို့ တာဝန်ရှိသူမရှိသေး ကြောင်းနဲ့ တာဝန်ရှိတဲ့ ဖာကန့်စခန်းမှူးကသာဖြေဆိုနိုင်မှာဖြစ်တယ်လို့ VOA ကဆက်သွယ်စဉ်မှာ ပြောဆိုခဲ့ပါတယ်
"ဖားကန့်ရဲစခန်းကပါ စခန်းမှူးကို တိုက်ရိုက်ဆက်သွယ်မှပဲရမယ်ခင်ဗျ"
ဖာကန့်မြိုနယ်ထဲမှာတော့ရေမဆေးကျောက်ရှာဖွေသူတွေ သောင်းဂဏန်းနဲရှိပြိး အလာတူးပြသနာမျိုးတွေက ရှိတတ်ကြောင်း ကျောက်ရှာဖွေမူတွေစတင်တဲ့အချိန်နဲ့ ပြိးခါနိးအချိန်မျိုးမှာ းဒီလို ဖြစ်ရပ်တွေ ပစ်ခတ်မူတွေ ဖြစ်လေ့ရှိတယ်လို့ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဦးဒါရှီလဆိုင်းကဆိုပါတယ် ။
စားဝတ်နေရေးကြပ်တည်းလွန်းတာကြောင့် ကျောက်စိမ်းထွက်တဲ့ဒေသတွေမှာ မြန်မာနိုင်ငံအနှံအပြားက တနိုင်တပိုင်ကျောက်စိမ်းတူးဖော်တာတွေ ရေမဆေးကျောက်ရှာဖွေသူတွေက အများအပြားရှိနေတာပါ။ ကျောက်စိမ်းတူးဖော်ခွင့်၇ထားတဲ့ ကုမ္ပဏီတွေက တူးဖော်ပြီးချိန်ကိုစောင့်ပြီး ရေမဆေးကျောက်ရှာကြသူတွေလည်းအများအပြားရှိပါတယ်။ဒီအတွက် အဲဒီလိုကျောက်စိမ်းထွက်တဲ့ ဒေသတွေမှာ မကြာခန ဆိုသလို လုံခြံရေးတပ်ဖွဲတွေနဲ့ ပဋိပက္ခဖြစ်တာမျိုးတွေ ရေးမဆေးကျောက်ရှာဖွေသူတွေကလည်း ဝမ်းစာရေးအတွက် အန္တရာယ်ကို မကြည့်ပဲ ရေမဆေးကျောက်ရှာဖွေကြတာကြောင့် မြေစာပုံပြိုကျလို့ သေဆုံးမူတွေလည်းမကြာခနဆိုသလို ရှိနေပါတယ်။