သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်မြေပြိုမှု လူ ၃၀ သေဆုံးပြီး ၂၀ ပျောက်ဆုံးနေ


ဖားကန့် ကျောက်စိမ်းလုပ်ကွက် မြေစာပြိုကျတဲ့နေရာမှာ ကယ်ဆယ်ရေးလုပ်နေတဲ့ မြင်ကွင်း။ (ယခင်ပုံဟောင်း) / (ဒီဇင်ဘာ ၁၉၊ ၂၀၂၁။ ဓာတ်ပုံ - CJ)
ဖားကန့် ကျောက်စိမ်းလုပ်ကွက် မြေစာပြိုကျတဲ့နေရာမှာ ကယ်ဆယ်ရေးလုပ်နေတဲ့ မြင်ကွင်း။ (ယခင်ပုံဟောင်း) / (ဒီဇင်ဘာ ၁၉၊ ၂၀၂၁။ ဓာတ်ပုံ - CJ)

[[Zawgyi/Unicode]]


ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကျောက်စိမ်းလုပ်ကွက်မှာ မြေပြိုတာကြောင့် လူ ၂၀ ထက်မနည်း ပျောက်ဆုံးနေပါတယ်။ မြေပြိုစဉ်က ၅၀ ကျော်ပါသွားခဲ့ပြီး အလောင်း ၃၀ လောက်ကို ပြန်ရှာတွေ့ခဲ့ပါတယ်။ မြန်မာပြည်ရဲ့ ကျောက်စိမ်းထွက် ရှိရာ ဖားကန့်ဒေသမှာ အခုလို မကြာခန မြေပြိုလေ့ရှိပြီး ပြည်သူတွေ မထိခိုက်အောင် တိကျတဲ့မူဝါဒ ချမှတ်ဖို့ လိုနေကြောင်း သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ ဖားကန့်ဒေသသတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဖားကန့်မြို့နယ်ထဲက ဆိပ်မူကျေးရွာအုပ်စု ဖားပြင်ရွာအနီးမှာရှိတဲ့ YTT ခေါ် ရတနာတောင်တန်း ကျောက်စိမ်းလုပ်ကွက်မှာ ဖေဖော်ဝါရီလ ၂၈ ရက် တနင်္လာနေ့နေ့ ညက ကမ်းပါးပြိုကျခဲ့ပါတယ်။ မြေမြိုကျမှုအတွင်း လူ ၅၀ ကျော်လောက် ပျောက်ဆုံးခဲ့ပြီး လောလောဆယ် အလောင်း ၃၀ လောက်ကို ရှာဖွေတွေ့ခဲ့တယ်လို့ ဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။

“ YTT ကုန်းမှာ မနေ့ကည ၉ နာရီ အကျော်လောက်မှာ မြေပြိုတယ်။ အခုအဲဒီ YTT ကုန်း အဲဒီနေရာမှာကတော့ တစ်သုံးလုံးကုမ္ပဏီတွေ အလုပ်လုပ်နေတယ်။ မြေပြိုတဲ့အခါမှာ အဲဒီက ဝန်ထမ်းပေါ့နော်။ ဘက်ဟိုးမောင်းတာတွေရော၊ ပြီးလို့ရှိရင် ကြီးကြပ်တို့ ဘာတို့ပေါ့နော။ အဲဒါတွေကအစ အကုန်လုံး အယောက် ၅၀ အထက်ပေါ့နော။ အယောက် ၅၀ အထက် ဖြစ်သွားတာကို သိရတယ်။ ဘက်ဟိုး ၂ စီးပါတယ်။ အဲဒီမှာ။ အခုလောလောဆယ်ကတော့ ၃၀ လောက်တော့ ဖော်ရပြီးမှ မယ့်လင်ချောင် သင်္ချိုင်းကုန်းမှာ သင်္ဂြိုဟ်ကြပြီ။”

ပိုင်ရှင်ရှိတဲ့ အချို့ရုပ်အလောင်းတွေကိုတော့ သက်ဆိုင်ရာ ပိုင်ရှင်တွေက လာရောက်ယူဆောင်သွားတယ်လို့ ပြောပါတယ်။ မြေပြိုကျတဲ့ ဖားပြင်ရွာအနီးက အခြားဒေသခံတဦးကလည်း လူ ၅၀ လောက် ပျောက်ဆုံးပြီး မနက်ပိုင်းက အလောင်း ၂၀ လောက် တူးဖော်ရခဲ့ကြောင်း ပြောပါတယ်။

“အပေါ်က ကမ်းပါး၊ YTT ကမ်းပါး ပြတ်ကျလိုက်တာ။ သူတို့ ကုမ္ပဏီကတော့ ၅၀လောက် ပါသွားတယ်လို့ကြားတာပဲ။ မနက်က ၂၀ လောက် ဖော်ထားတာ အလောင်းက။”

မြေပြိုကျတဲ့နေရာက ရှာဖွေရေးလုပ်ငန်းမှာ အပြင်ကလူတွေကို ဝင်ခွင့်မပြုသလို နာရေးကူညီမှု အကူအညီပေးသူတွေလည်း သွားခွင့်မရဘူးလို့ ပြောပါတယ်။ သေဆုံး၊ ပျောက်ဆုံးနဲ့ ပြန်တွေ့ရှိထားတဲ့ ရုပ်အလောင်းစာရင်း မေးမြန်းနိုင်ဖို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှုးရုံးနဲ့ ရဲစခန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။ ဖားကန့်မြို့နယ်အတွင်းက ကျောက်စိမ်းလုပ်ကွက်တွေမှာ မြေစာပုံပြိုကျတာ၊ တောင်ကမ်းပါးတွေပြိုကျတာတွေဟာ မကြာခန ဖြစ်ပျက်လေ့ရှိပြီ မြေပြိုကျတိုင်းမှာ ထိခိုက်သေဆုံးမှုတွေ အနည်းနဲ့ အများဆိုသလို ဖြစ်ခဲ့ပါတယ်။

KDNG ခေါ် ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့က ကိုဆားဂျီးကတော့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေအနေနဲ့ လူ့အသက်ကို မထိခိုက်စေတဲ့ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုင်ရာ မူဝါဒတွေ ချမှတ်သင့်ကြောင်း ပြောပါတယ်။

“ဖြစ်တဲ့ဟာလည်း နှစ်ပေါင်းများစွာဖြစ်တဲ့အခါကျတော့ ထပ်ခါတလဲလဲ အားလုံး ရိုးနေသလောက် တောင်ဖြစ်နေတော့ ဒါကို ဒီတိုင်းပဲ သမားရိုးကျမဟုတ်ဘဲနဲ့ အထူးသဖြင့် မူဝါဒပိုင်းပေါ့နော်။ ဒါ သယံဇာတကို ဘယ်လို အသုံးပြုမယ်၊ သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လို ထိန်းသိမ်းမယ်၊ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ သံယံဇာတ ထုတ်ယူသုံးစွဲမှုနဲ့ တိုင်းပြည်အတွက် အကျိုးရှိတဲ့ ပေါ်လစီတွေ ထည့်သွင်းစဉ်းစားစေချင်တာပေါ့နော်။”

၂၀၂၀ ခုနှစ်ဇူလိုင်လဆန်းပိုင်းကလည်း ဖားကန့်မြို့နယ် ဝှေခါကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်း မြေပြိုကျတာကြောင့် လူ ၂၀၀ လောက် သေဆုံးခဲ့ပြီး မြေပြိုမှုဖြစ်စဉ်တွေမှာ သေဆုံးမှုအများဆုံးဖြစ်ခဲ့ပါတယ်။ အခုလို ကျောက်စိမ်းလုပ် ကွက်တွေမှာ မြေပြိုမှုတွေဟာ အစိုးရက တာဝန်မဲ့ကျောက်စိမ်းတူးဖော်တာတွေကို အရေးယူဖို့ ပျက်ကွက်တာကြောင့်ဖြစ်တယ်လို့ နိုင်ငံတကာက သယံဇာတလုပ်ငန်းတွေမှာ အဂတိလိုက်စားမှု အမြတ်ထုတ်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Global Witness အဖွဲ့က ထောက်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]

ဖားကန့ျမွပွေိုမှု လူ ၃၀ သဆေုံးပွီး ၂၀ ပြောကျဆုံးနေ











===============

XS
SM
MD
LG