သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖရူဆိုမြို့နယ်တွင်း အစုလိုက်သတ်ဖြတ်ခံရမှုထဲ Save the Children ဝန်ထမ်းနှစ်ဦးပါဝင်


ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း ကား ၇ စင်း မီးရှို့ခံရစဉ်။ (ဒီဇင်ဘာ ၂၄၊ ၂၀၂၁)
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း ကား ၇ စင်း မီးရှို့ခံရစဉ်။ (ဒီဇင်ဘာ ၂၄၊ ၂၀၂၁)

[[Zawgyi/Unicode]]

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့က ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင်း အမျိုးသမီးနဲ့ကလေးအပါအဝင် လူ ၃၅ ဦးထက်မနည်း သတ်ဖြတ်မီးရှို့ခံလိုက်ရတဲ့အထဲ သူတို့ဝန်ထမ်း ၂ ဦးလည်း ပါသွားတယ်ဆိုတာကို Save the Children အဖွဲ့က ဒီကနေ့ အတည်ပြုပါတယ်။

Save the Children အဖွဲ့က သေဆုံးသွားသူ ၂ ဦးထဲက အသက် ၃၂ နှစ်အရွယ်တဦးကတော့ ဆယ်လသားအရွယ် သားရင်သွေးတယောက် ကျန်ရစ်ခဲ့ပြီး အသက် ၂၈ နှစ်အရွယ် နောက်တဦးကတော့ ၃ လ အရွယ်သမီးရင်သွေးငယ်တဦး ကျန်ရစ်ခဲ့ကြောင်းနဲ့ ကျန်ရစ်သူတွေရဲ့ လုံခြုံရေးကြောင့် သူတို့ ဘယ်သူဆိုတာ ထုတ်ဖော်ပြောဆိုခြင်း မပြုလိုကြောင်း Save the Children အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အခု သေဆုံးသွားသူ ၂ ဦးစလုံးဟာ ကလေးငယ်တွေကို ပညာသင်ကြားရေးအတွက် စိတ်အားထက် သန်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ ၂ ဦးဟာ အခင်းဖြစ်တဲ့နေရာနဲ့ မလှမ်းမကမ်းနေရာမှာ စာနာမှုဆိုင်ရာ အကူအညီတွေပေးပြီး ရုံးကို ပြန်အလာ လမ်းခုလတ်မှာ တိုက်ခိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။ ကားတွေပေါ်မှာပါလာတဲ့သူတွေကို အောက် ဆင်းခိုင်းပြီး တချို့ကိုဖမ်းဆီး၊ တချို့ကိုတော့ သတ်ဖြတ်ပြီး အလောင်းတွေကို မီးရှို့ခဲ့တယ်လို့လည်း Save the Children အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

“ဒါဟာ အင်မတန် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းကြောင်း၊ ကူညီ ကယ်ဆယ်ရေးဝန်ထမ်းတွေ အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်တဲ့လုပ်ရပ်ဟာ ဘယ်လိုမှ သည်းခံလို့မရနိုင်ကြောင်း၊ ဒီတိုက်ခိုက်မှုဟာ လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း Save the Children အဖွဲ့အကြီးအကဲ Inger Ashing က ပြောပါတယ်။

ဒီဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ဒီ တိုက်ခိုက်မှုနဲ့ ဆက်နွယ် ပတ်သက်နေသူတွေနဲ့ သူတို့ မိသားစုဝင်တွေကို ကူညီနိုင်ရေးအတွက် သူတို့အဖွဲ့အနေနဲ့ အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်နေကြောင်းလည်း Save the Children အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မြန်မာအာဏာပိုင်တွေအနေနဲ့ အသေအချာစုံစမ်းစစ်ဆေးပြီး ကျူးလွန်သူတွေကိုဖော်ထုတ်အရေးယူဖို့ ကုလ လူသားချင်းစာနာမှုနဲ့အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာလက်ထောက်အတွင်းရေးမှုးချုပ်က တိုက်တွန်းထားပါတယ်။ မြန်မာစစ်ကောင်စီဘက်ကတော့ ၇ စီးပါတဲ့ကားတန်းကို စစ်ဆေးဖို့ လုံခြုံရေးတပ်က ရပ်တန့်စေရာမှာ မရပ်ဘဲ စတင်ပစ်ခတ်တာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် မီးရှို့တဲ့ဖြစ် စဉ်ကိုတော့ မဖော်ပြပါဘူး။ ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ ဒီလူတွေဟာ စစ်ပြေးဒုက္ခသည်တွေဖြစ်ပြီး သူတို့ကို စစ်တပ်က ဖမ်းဆီးပြီးနောက်သတ်ဖြတ်မီးရှို့ခဲ့တာလို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]








===========

XS
SM
MD
LG